ကယားပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေး၏ အောက်ထပ်တွင် မီးလောင်မှုဖြစ်ပွားရာ သံထည်ပစ္စည်းများ သိုလှောင်ထားသည့် ဆိုင်ခန်းနေဖြစ်ကြောင်း သိရသည်။
မတ်လ(၁၇)ရက်နေ့ နံနက်(၁၀း၁၅)နာရီဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့ရာ လွိုင်ကော်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများမှ ပူးပေါင်းမှုကြောင့် နံနက်(၁၁)နာရီကျော်မှာပင် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းသည့် ဆိုင်ခန်းသည် နှစ်ထပ်ဈေးရှိ ဆိုင်ခန်းအမှတ် (၃၇)ဖြစ်ပြီး ဦးလှစောသာ၏ သံထည်ပစ္စည်းများ သိုလှောင်သော ဆိုင်ခန်းဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းခြင်း နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း