“ဒီပွဲလေးမှာ ကျွန်မတို့ဘာသာ မတူတဲ့သူတွေ အဖွဲ့အစည်း မတူတဲ့သူတွေ အသွေးအရောင် မတူတဲ့သူတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။ ကျွန်မတို့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ဘာသာကြီး (၄) ဘာသာရဲ့ ပေါင်းစည်းမှု အင်အား ပိုမို တိုးတက် ကောင်းမွန်အောင်လို့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု အဆိုပါ ဆွေးနွေးပွဲစကားဝိုင်းအား ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မသန်းသန်းအေးက ပြောသည်။
ကရုဏာမျိုးစေ့ စီမံချက်ဖြင့်ပြုလုပ်သည့် အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ လူဦးရေ (၂၀ ) ခန့်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး