အခွန်အမှတ်တံဆိပ်မပါသောကုန်စည်များ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ဆုငွေချီးမြှင့်မည်

အခွန်အမှတ်တံဆိပ်မပါသောကုန်စည်များ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ဆုငွေချီးမြှင့်မည်
မတ် 24, 2017
By Tachileik News Agency

…..

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝိန်းဖန်းခမ်း(၁)ရပ်ကွက် ဘွန်းချိုင်း (မယ်ဆိုင်) မော်တော်ဆိုင်ကယ်အရောင်းဆိုင်မှ မတ်လ (၂၃)ရက်နေ့ နံနက်(၂)နာရီခွဲခန့်တွင် ခိုးယူပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ မယ်ဆိုင်ချောင်းဖြတ်ပြီး သယ်ဆောင်လာသည့် ဆိုင်ကယ်အား CNCMC ၏ အကူအညီဖြင့် ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်း ပေးလိုက်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ ဝိန်းဖမ်းခမ်းရပ်ကွက် ဗဟိုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်မှ Scoopy 1 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား ခိုးယူသွားသည့် အမျိုးသားတစ်ဦးအား စီစီတီဗီမှတ်တမ်းများအရသိရှိရသဖြင့် ပိုင်ရှင်ဖြစ်သူ နိုင်းကိန်က မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၎င်းသည် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအား ဖြတ်ကူးကာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ယူဆောင်သွားကြောင်း သိရှိရသည့်အတွက် တာချီလိတ်မြို့မှ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ဆက်သွယ်အကူအညီတောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

CNCMC က တာချီလိတ်မြို့တွင် ဆက်သွယ်စုံစမ်းရာ မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်ချောင်းအား ဖြတ်ကူး၍ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်ခိုးဝင်လာသည့် အမျိုးသားတစ်ဦးသည် ဆန်ဆိုင်း (ခ) ရပ်ကွက်မှ လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ကို တွေ့ရှိသဖြင့် ဆိုင်ကယ်အားထားခဲ့ပြီး ထွက်ပြေးသွားရာ ဆန်ဆိုင်း(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယင်းဆိုင်ကယ်အား ထိန်းသိမ်းထားရှိကြောင်း သိရပြီး မတ်လ(၂၄)ရက်နေ့ ဆန်ဆိုင်း (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက CNCMC သို့ ဆိုင်ကယ်အား လွှဲပြောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

CNCMC ကော်မတီက မယ်ဆိုင်မြို့တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ပြီးနောက် မတ်လ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် တာဝန်ရှိသူများနှင့်အတူ ပိုင်ရှင်ဖြစ်သူ နိုင်းကိန်ထံ အဆိုပါ ဆိုင်ကယ်အား ပြန်လည် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~