လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖေါ်ထုတ်နေကြောင်း သတင်းရရှိသည်။
************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိိတ်မြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် မတ်လ (၂၆) ရက်နေ့ နေ့လယ်က လက်နက်သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသားနှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး ကွင်းဆက်တရားခံများ ဆက်လက်ဖေါ်ထုတ်နေကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မြန်မာ -ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် စောင့်ဆိုင်းစစ်ဆေးနေစဉ် နေ့လယ် (၁၂)နာရီခွဲခန့်က မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ တံတားမှ ဖြတ်သန်းလာသည့် ထိုင်းယာဉ်အမှတ် (၃၃၈၄) Hilux အား စစ်ဆေးရာ ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ သယ်ဆောင်လာသည့် ပစ္စတိုသေနတ် (၃) လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် ထိုငး်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖေါ်ထုတ်နေကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့