သတင်း၊ဓါတ်ပုံ #ခမ်းဦး
************
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းရှိ ဆက်စပ်ဌာနများအနေဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ခွဲခြမ်းစိစစ်နိုင်ရန် သစ်တောဦးစီးဌာနနှင့် WCS တို့က ဆွေးနွေးပို့ချမှုများလုပ်ဆောင်နေကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့၏ကိုယ်အင်္ဂါအစိတ်အပိုင်းများ တရားမဝင်ကုန်သွယ်မှုအား တားဆီးရေးတွင် အထောက်အကူဖြစ်စေရန် မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရားမဝင် ကုန်စည်များစစ်ဆေးရေးစခန်းဖြစ်သည့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၏ ဆက်စပ်ဌာနများမှ ဌာနအလိုက် ကိုယ်စားလှယ်နှစ်ဦးစီအား လားရှိုးမြို့တွင် မတ်လ (၂၉)ရက်နေ့မှစ၍ သုံးရက်တာသင်တန်းပို့ချနေခြင်းဖြစ်ကြောင်း သိရသည်။
သစ်တောဦးစီးဌာနနှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ ပူးပေါင်းဆောင်ရွက်နေသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများအား နောက်ထပ်(၅)နှစ် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က MoU လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ခမ်းဦး