ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ပထမဆံုး လမ္းေလွ်ာက္သႀကၤန္ပဲြေတာ္ကို ပုဂၢလိက ကုမၸဏီတစ္ခုက ဦးေဆာင္က်င္းပသြားရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
“လမ္းေလွ်ာက္သႀကၤန္ပြဲေတာ္ကို က်င္းပျပဳလုပ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း လားရႈိးၿမိဳ႕မွာရွိခဲ့တဲ့ ဗဟိုမ႑ပ္က ဒီႏွစ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလုပ္ျဖစ္ဘူးလို႔ သိရတဲ့အတြက္ ေျခာက္ေျခာက္ကပ္ကပ္ မျဖစ္ေအာင္ ကြ်န္ေတာ္တို႔ ကုမၸဏီအေနနဲ႔ ဘာလုပ္ေပးႏိုင္မလဲလို႔ စဥ္းစားတိုင္ပင္ ေဆြးေႏြးခဲ့ၿပီးမွ ၿမိဳ႕အတြက္ လည္း အထူးအဆန္းေလး ျဖစ္သြားေအာင္ စီစဥ္ ေဆာင္ရြက္ရျခင္း ျဖစ္ပါတယ္”ဟု လမ္းေလွ်ာက္သႀကၤန္ပြဲ ျပဳလုပ္ရန္ စီစဥ္ေနသည့္ Shining Myanmar Co.ltd မွ မန္ေနဂ်င္းဒါရိုက္တာ ဦးေက်ာ္စြာထြ႗္က ေျပာသည္။
လမ္းေလွ်ာက္ သႀကၤန္အတြက္ ခ်ယ္ရီအိမ္ယာအတြင္း က်င္းပမည္ျဖစ္ၿပီး ေရြးခ်ယ္ထားတဲ့ လမ္းတေလွ်ာက္တြင္ ေရပန္႔မ်ား၊ စတုဒီသာေကၽြးရန္ မ႑ပ္ငယ္မ်ားႏွင့္ ရခုိင္ရိုးရာ ေလွသံုးစင္းကိုလည္း ထည့္သြင္းေဆာင္ရြက္ထားမည္ျဖစ္ေၾကာင္း သိရသည္။
လမ္းေလွ်ာက္ သႀကၤန္ပြဲေတာ္အတြက္ လံုၿခံဳေရးဆိုင္ရာကိစၥမ်ားအတြက္ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔မႈးရံုး (လားရိႈး)မွ တာဝန္ယူမည္ျဖစ္ၿပီး ေရကစားမ႑ပ္မ်ားႏွင့္ စတုဒီသာ မ႑ပ္ မ်ားတြင္ အသံုးျပဳမည့္ ေရႏွင့္ လွ်ပ္စစ္မီးမ်ားကို Shining Myanmar Co.ltd မွ စီစဥ္ထားၿပီး စတုဒီသာေကၽြးလိုသူမ်ား ပါဝင္ႏုိင္ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္အား ဧၿပီလ (၁၃ ) ရက္ေန႔ ျမန္မာ့ရိုးရာ မဟာသႀကၤန္အႀကိဳေန႔ မွ ဧၿပီလ ( ၁၆ ) ရက္ေန႔အထိ ေန႔စဥ္ နံနက္ပိုင္းမွ ေန႔လည္ (၁)နာရီအထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။
သတင္း/ဓာတ္ပံု - ခမ္းဦး
“လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နှစ်စဉ်နှစ်တိုင်း လားရှိုးမြို့မှာရှိခဲ့တဲ့ ဗဟိုမဏ္ဍပ်က ဒီနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ဘူးလို့ သိရတဲ့အတွက် ခြောက်ခြောက်ကပ်ကပ် မဖြစ်အောင် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားတိုင်ပင် ဆွေးနွေးခဲ့ပြီးမှ မြို့အတွက် လည်း အထူးအဆန်းလေး ဖြစ်သွားအောင် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု လမ်းလျှောက်သင်္ကြန်ပွဲ ပြုလုပ်ရန် စီစဉ်နေသည့် Shining Myanmar Co.ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာထွဋ္ဋ်က ပြောသည်။
လမ်းလျှောက် သင်္ကြန်အတွက် ချယ်ရီအိမ်ယာအတွင်း ကျင်းပမည်ဖြစ်ပြီး ရွေးချယ်ထားတဲ့ လမ်းတလျှောက်တွင် ရေပန့်များ၊ စတုဒီသာကျွေးရန် မဏ္ဍပ်ငယ်များနှင့် ရခိုင်ရိုးရာ လှေသုံးစင်းကိုလည်း ထည့်သွင်းဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက် သင်္ကြန်ပွဲတော်အတွက် လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှုးရုံး (လားရှိုး)မှ တာဝန်ယူမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များနှင့် စတုဒီသာ မဏ္ဍပ် များတွင် အသုံးပြုမည့် ရေနှင့် လျှပ်စစ်မီးများကို Shining Myanmar Co.ltd မှ စီစဉ်ထားပြီး စတုဒီသာကျွေးလိုသူများ ပါဝင်နိုင်ကြောင်း သိရသည်။
အဆိုပါပွဲတော်အား ဧပြီလ (၁၃ ) ရက်နေ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့ မှ ဧပြီလ ( ၁၆ ) ရက်နေ့အထိ နေ့စဉ် နံနက်ပိုင်းမှ နေ့လည် (၁)နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ - ခမ်းဦး