ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ျပည္နယ္အစုိးရအား ဧၿပီလ(၉)ရက္ေန႔တြင္ ဆႏၵျပမည့္ လႊတ္ေတာ္ ျပင္ပအဖြဲ႕ႏွင့္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႔က လူမစံု၍ ေဟာေျပာပြဲအျဖစ္ ေျပာင္းလဲလုပ္ေဆာင္လိုက္ေၾကာင္း သိရသည္။
“ဖိတ္ထားတဲ့ ဧည့္သည္ေတြလည္းမစံုေတာ့ ဆႏၵျပလမ္းေလွ်ာက္မလုပ္ေပမဲ့လည္း ပန္းၿခံမွာ ေဟာေျပာတဲ့ပံုစံ လုပ္လိုက္တာပါ”ဟု လႊတ္ေတာ္ျပင္ပအဖြဲ႕(အစိုးရ အေထာက္အကူျပဳ လူမႈႏိုင္ငံေရးအင္အားစု)မွ ဦးေက်ာ္ေက်ာ္ဟိန္းက ေျပာသည္။
ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းျခံအတြင္းရွိ ရွစ္ေလးလံုးေက်ာက္တိုင္ေရွ႕တြင္ ဧၿပီလ (၉) ရက္ေန႔ နံနက္(၁၀)နာရီခန္႔တြင္ ဆႏၵျပရန္ စီစဥ္ထားသည့္ အဖြဲ႕ႏွစ္ဖြဲ႔မွ လူဦးေရ(၁၀)ဦးျဖင့္ ေဟာေျပာပြဲ က်င္းပျခင္း ျဖစ္သည္။
အဆိုပါအဖြဲ႕သည္ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရိွေသာ လုပ္ငန္းကိစၥရပ္အားလံုးကို အျမန္လုပ္ေဆာင္ေပးေရး ဗီႏိုင္း ကိုင္ေဆာင္၍ ဆႏၵထုတ္ေဖၚရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။
လႊတ္ေတာ္ျပင္ပအဖြဲ႕ (အစိုးရ အေထာက္အကူျပဳ လူမႈနိုင္ငံေရးအင္အားစု)အား ၂၀၁၅ ခုႏွစ္တြင္ ေနျပည္ေတာ္၌ စတင္ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္းသိရသည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
တောင်ကြီးမြို့တွင် ပြည်နယ်အစိုးရအား လမ်းလျှောက်ဆန္ဒပြမည့်အဖွဲ့က လူမစုံ၍ ဟောပြောပွဲပြုလုပ်
“ဖိတ်ထားတဲ့ ဧည့်သည်တွေလည်းမစုံတော့ ဆန္ဒပြလမ်းလျှောက်မလုပ်ပေမဲ့လည်း ပန်းခြံမှာ ဟောပြောတဲ့ပုံစံ လုပ်လိုက်တာပါ”ဟု လွှတ်တော်ပြင်ပအဖွဲ့(အစိုးရ အထောက်အကူပြု လူမှုနိုင်ငံရေးအင်အားစု)မှ ဦးကျော်ကျော်ဟိန်းက ပြောသည်။
တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ရှစ်လေးလုံးကျောက်တိုင်ရှေ့တွင် ဧပြီလ (၉) ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် ဆန္ဒပြရန် စီစဉ်ထားသည့် အဖွဲ့နှစ်ဖွဲ့မှ လူဦးရေ(၁၀)ဦးဖြင့် ဟောပြောပွဲ ကျင်းပခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့သည် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော လုပ်ငန်းကိစ္စရပ်အားလုံးကို အမြန်လုပ်ဆောင်ပေးရေး ဗီနိုင်း ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။
လွှတ်တော်ပြင်ပအဖွဲ့ (အစိုးရ အထောက်အကူပြု လူမှုနိုင်ငံရေးအင်အားစု)အား ၂၀၁၅ ခုနှစ်တွင် နပြေည်တော်၌ စတင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - နိုနို