မေကြးတုိင္းေဒသႀကီး မင္းဘူး၊စကုၿမိဳ႕နယ္မွ မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ ပိတ္ပြဲရက္အား ႏွစ္စဥ္ က်င္းပေနသည့္ ႏွစ္ဆန္း (၁)ရက္ေန႔အစား ႏွစ္ဆန္း (၂) ရက္ေန႔သို႔ ၂၀၁၇ ခုႏွစ္မွစ၍ ျပင္ဆင္ သတ္မွတ္လိုက္ေၾကာင္း ေရႊစက္ေတာ္ဘုရားပဲြေတာ္ေဂါပကအဖဲြ႔ထံမွ သိရသည္။
“ျမန္မာ့ဓေလ့ထံုးစံအရ ႏွစ္ဆန္း(၁)ရက္ေန႔မွာ ဆရာေတာ္သံဃာေတာ္ေတြနဲ႔ ဗုဒၶဘာသာဝင္ေတြ အားလံုးဟာ ႏွစ္သစ္ကူးကိစၥေတြနဲ႔ မအားလပ္ၾကတာေၾကာင့္ အားလံုးရဲ႕ညိႇႏိွဳင္းဆံုးျဖတ္ခ်က္အရ ႏွစ္ဆန္း (၂)ရက္ ဧၿပီ (၁၈) ရက္ေန႔မွာ ပိတ္ပဲြျပဳလုပ္ဖို႔သတ္မွတ္လိုက္တာပါ”ဟု ေရႊစက္ေတာ္ဘုရားပဲြေတာ္ ေဂါပကအဖဲြ႔ ဥကၠဌ ဦးျမင္႔သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မန္းေရႊစက္ေတာ္ဘုရား ၾသဝါဒစရိယဆရာေတာ္ႀကီးမ်ား၊ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္မ်ားပါဝင္သည့္ နာယကအဖဲြ႔ႏွင့္ ေရႊစက္ေတာ္ဘုရားေဂါပကအဖဲြ႔တို႔ ညိႇႏိွဳင္းဆံုးျဖတ္ခ်က္အရ ပိတ္ပဲြက်င္းပမည့္ရက္အား ျပင္ဆင္ သတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေရႊစက္ေတာ္ဘုရားပဲြေတာ္အား ႏွစ္စဥ္ တပို႔တဲြလဆန္း(၅)ရက္ေန႔တြင္ စတင္က်င္းပၿပီး ႏွစ္ဆန္း (၁)ရက္ေန႔တြင္ ပိတ္ပြဲက်င္းပေနရာမွ ပိတ္ပြဲအား ႏွစ္ဆန္း(၂)ရက္ေန႔သို႔ ေရႊ႕ေျပာင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
“မြန်မာ့ဓလေ့ထုံးစံအရ နှစ်ဆန်း(၁)ရက်နေ့မှာ ဆရာတော်သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးဟာ နှစ်သစ်ကူးကိစ္စတွေနဲ့ မအားလပ်ကြတာကြောင့် အားလုံးရဲ့ညှိနှိုင်းဆုံးဖြတ်ချက်အရ နှစ်ဆန်း (၂)ရက် ဧပြီ (၁၈) ရက်နေ့မှာ ပိတ်ပွဲပြုလုပ်ဖို့သတ်မှတ်လိုက်တာပါ”ဟု ရွှေစက်တော်ဘုရားပွဲတော် ဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မန်းရွှေစက်တော်ဘုရား သြဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များပါဝင်သည့် နာယကအဖွဲ့နှင့် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့တို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ပိတ်ပွဲကျင်းပမည့်ရက်အား ပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေစက်တော်ဘုရားပွဲတော်အား နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့တွင် စတင်ကျင်းပပြီး နှစ်ဆန်း (၁)ရက်နေ့တွင် ပိတ်ပွဲကျင်းပနေရာမှ ပိတ်ပွဲအား နှစ်ဆန်း(၂)ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်