~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံ မိန့်ခွန်းပြောမည်
**************
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး (The National Reconciliation and Peace)နှင့် ပတ်သက်၍ စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀)နာရီတွင် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိန့်ခွန်းပြောကြားမှုအား MRTV၊ MITV၊ ရေဒီယိုနှင့် FM များတွင် တိုက်ရိုက်ထုတ်လွှင့်မည့်အပြင် ပြည်တွင်းပြည်ပမှ သတင်းဌာနများလည်း တက်ရောက်သတင်းယူနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားသည်။
ဓါတ်ပုံ #MyanmarStateCounsellorOffice
⊰❂ #TachileikNewsAgency #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱
~~~~~~ ကြော်ငြာ ~~~~~~