ငါးမန္းဂိမ္းစက္မ်ားဖြင့္လွစ္ထားသည့္ တရုတ္ႏုိင္ငံသားအပါအဝင္ ဆိုင္ဝန္ထမ္းႏွင့္ ေလာင္းကစားျပဳလုပ္သူ ၁၅ ဦးအား အေရးယူထား

ငါးမန္းဂိမ္းစက္မ်ားဖြင့္လွစ္ထားသည့္ တရုတ္ႏုိင္ငံသားအပါအဝင္ ဆိုင္ဝန္ထမ္းႏွင့္ ေလာင္းကစားျပဳလုပ္သူ ၁၅ ဦးအား အေရးယူထား
ဒီဇင်ဘာ 15, 2017
By 🌸
မႏၱေလးၿမိဳ႕တြင္ တရုတ္ႏုိင္ငံသားတစ္ဦးဖြင့္လွစ္ထားသည့္ ငါးမန္းဂိမ္းဆုိင္အား ရဲတပ္ဖြဲ႕က ဒီဇင္ဘာလ (၁၄)ရက္ေန႔တြင္ ဝင္ေရာက္ဖမ္းဆီးရာ ဂိမ္းစက္ (၅)လံုးႏွင့္အတူ ဆိုင္ဝန္ထမ္း၊ ဂိမ္းကစားသူစုစုေပါင္း (၁၄)ဦးဖမ္းဆီးမိထားၿပီး ပိုင္ရွင္ႏွင့္ မန္ေနဂ်ာကို ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္ (၁)ရပ္ကြက္ရိွဆိုင္သို႔  မႏၲေလးတိုင္း ေဒသႀကီးရဲတပ္ဖြဲ႕ႏွင့္ မဟာေအာင္ေျမၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔က သတင္းအရ ဝင္ေရာက္ရွာေဖြရာ ဆိုင္ဝန္ထမ္းအမ်ိဳးသမီး (၅)ဦးႏွင့္ ဂိမ္းကစားေနသည့္ အမ်ိဳးသား (၅)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦး စုစုေပါင္း (၁၄)ဦးအား ငါးမန္းဂိမ္းစက္ (၅) လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ (၃၆၃,၀၀၀) က်ပ္၊ ဖုန္း (၇) လုံး၊ ဆိုင္ကယ္ (၈) စီးတို႔အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂိမ္းဆိုင္တည္ေထာင္သူမွာ တ႐ုတ္ႏိုင္ငံသား Weng Ge ႏွင့္ ဆုိင္မန္ေနဂ်ာ ေအာင္ေအာင္တို႔ကို ဖမ္းဆီးရမိေရး ရဲတပ္ဖြဲ႕က ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဂိမ္းဆုိင္မွ ဖမ္းဆီးရမိသူ (၁၄)ဦးႏွင့္ ဖမ္းမမိေသးသည့္ Weng Ge ႏွင့္ ေအာင္ေအာင္တို႔အား မဟာေအာင္ေျမၿမိဳ႕မ ရဲစခန္းတြင္  (ပ)၇၇၅/၂၀၁၇ ေလာင္းကစားပုဒ္မ ၁၃(က)/ ၁၄(က)ျဖင့္ အမႈဖြင့္ထားၿပီး ဂိမ္းစက္မ်ားအား ျပည္ပမွ တင္သြင္းလာသည့္ တရုတ္ႏုိင္ငံသား Weng Ge အား (ပ)၇၇၆/၂၀၁၇ ပို႔/သြင္းပုဒ္မ ၈ ျဖင့္ ထပ္မံအမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ငါးမန်းဂိမ်းစက်များဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံသားအပါအဝင် ဆိုင်ဝန်ထမ်းနှင့် လောင်းကစားပြုလုပ်သူ ၁၅ ဦးအား အရေးယူထား
*****************
မန္တလေးမြို့တွင် တရုတ်နိုင်ငံသားတစ်ဦးဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းဆိုင်အား ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးရာ ဂိမ်းစက် (၅)လုံးနှင့်အတူ ဆိုင်ဝန်ထမ်း၊ ဂိမ်းကစားသူစုစုပေါင်း (၁၄)ဦးဖမ်းဆီးမိထားပြီး ပိုင်ရှင်နှင့် မန်နေဂျာကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်ရှိဆိုင်သို့  မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့နှင့် မဟာအောင်မြေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့က သတင်းအရ ဝင်ရောက်ရှာဖွေရာ ဆိုင်ဝန်ထမ်းအမျိုးသမီး (၅)ဦးနှင့် ဂိမ်းကစားနေသည့် အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၁၄)ဦးအား ငါးမန်းဂိမ်းစက် (၅) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ (၃၆၃,၀၀၀) ကျပ်၊ ဖုန်း (၇) လုံး၊ ဆိုင်ကယ် (၈) စီးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂိမ်းဆိုင်တည်ထောင်သူမှာ တရုတ်နိုင်ငံသား Weng Ge နှင့် ဆိုင်မန်နေဂျာ အောင်အောင်တို့ကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဂိမ်းဆိုင်မှ ဖမ်းဆီးရမိသူ (၁၄)ဦးနှင့် ဖမ်းမမိသေးသည့် Weng Ge နှင့် အောင်အောင်တို့အား မဟာအောင်မြေမြို့မ ရဲစခန်းတွင်  (ပ)၇၇၅/၂၀၁၇ လောင်းကစားပုဒ်မ ၁၃(က)/ ၁၄(က)ဖြင့် အမှုဖွင့်ထားပြီး ဂိမ်းစက်များအား ပြည်ပမှ တင်သွင်းလာသည့် တရုတ်နိုင်ငံသား Weng Ge အား (ပ)၇၇၆/၂၀၁၇ ပို့/သွင်းပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~