ယနေ့လွှဲပြောင်းလာသည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးကို မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီဝင်များက စိစစ်လက်ခံကြိုဆိုကြကြောင်း သိရသည်။
**********
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၃)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ နံနက်(၁၁)နာရီကျော်က လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။
ယနေ့လွှွှဲပြောင်းလာသည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးကို မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီဝင်များက စိစစ်လက်ခံကြိုဆိုကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၄၃၇) ဦးနှင့် အမျိုးသမီး (၂၀၄)ဦး၊ ကလေး (၂၂)ဦး စုစုပေါင်း (၆၆၃)ဦးရှိခဲ့ပြီး သြဂုတ်လအတွင်း (၇)ရက်နေ့အထိ လွှဲပြောင်းသူဦးရေမှာ အမျိုးသား(၉)ဦး၊ အမျိုးသမီး (၄)ဦးနှင့် ကလေး(၁)ဦးရှိပြီဖြစ်သည်။
ဓါတ်ပုံ #မြို့နယ်ထွေအုပ်