တာခ်ီလိတ္ရိွ ေနအိမ္ခန္းတစ္ခုတြင္ လက္နက္၊ မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ထုိင္းႏိုင္ငံသား (၄)ဦးကို နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈႏွင့္ပတ္သက္၍ စစ္ေဆးေန

တာခ်ီလိတ္ရိွ ေနအိမ္ခန္းတစ္ခုတြင္ လက္နက္၊ မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ထုိင္းႏိုင္ငံသား (၄)ဦးကို နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈႏွင့္ပတ္သက္၍ စစ္ေဆးေန
သြဂုတ် 23, 2018
By Tachileik News Agency

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါး၊ လက္နက္ခဲယမ္းတို႔ႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔ ေန႔လယ္ (၂)နာရီေက်ာ္က ဖမ္းဆီးရမိထားသည့္ ထုိင္းႏိုင္ငံသား အမ်ိဳးသား (၄)ဦးကို နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈႏွင့္ပတ္သက္၍ လူဝင္မႈႀကီးၾကပ္ေရးက ဆက္လက္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“သူတုိ႔ေတြ တရားဝင္ ဝင္လာတာလား၊ တရားမဝင္ ဝင္လာတာလားဆိုတာကို လဝက က စစ္ေဆး ေနပါတယ္ ”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေပၚထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ေခါင္ရပ္ကြက္၊ ေရႊေျမသာယာေစ်းလမ္းရိွ ေနအိမ္ခန္းတစ္ခုအား ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ ထုိင္းႏုိင္ငံသား(၄)ဦးႏွင့္အတူ ICE မူးယစ္ေဆး (၅၀) ဂရမ္ခန္႔၊ WY စိတ္ၾကြေဆးျပား (၈၀)ျပား၊ ပစၥတိုေသနတ္ (၂)လက္၊ က်ည္အိမ္(၃)ခု၊ က်ည္ (၃၂)ေတာင့္၊ ယာဥ္အမွတ္ CROWN အမ်ိဳးအစား အနက္ေရာင္ ေမာ္ေတာ္ယာဥ္(၁)စီးတို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ မယ္ဆုိင္ေဒသခံမ်ားသည္ တာခ်ီလိတ္တြင္ (၇)ရက္တာ ေနထုိင္ခြင့္ရိွသည့္ နယ္စပ္ျဖတ္ေက်ာ္ စာအုပ္မ်ားျဖင့္ လာေရာက္ ေနထုိင္ခြင့္ ရိွေသာ္လည္း ေနအိမ္ခန္းမ်ားတြင္ တည္းခိုေနထိုင္ခြင့္ မရွိဘဲ ႏွစ္ႏုိင္ငံ မွတ္ပံုတင္ ကိုင္ေဆာင္ထားသူမ်ား၊ မွတ္ပုံတင္အတုမ်ားျဖင့္ တာခ်ီလိတ္ရိွ ေနအိမ္ခန္းမ်ားတြင္ ငွားရမ္း ေနထုိင္မႈမ်ား ရိွေနသည္ကို ေတြ႔ရေၾကာင္း ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ဆိုသည္။

“ဒီနယ္စပ္ေဒသမွာ ေနတဲ့သူေတြက စာအုပ္(နယ္စပ္ျဖတ္ေက်ာ္ခြင့္စာအုပ္)ေတြနဲ႔ (၇)ရက္ေနခြင့္ ရိွၾကတယ္။ ဒီေတာ့ ဒီလိုလာေနၾကတာမွာ ျပစ္မႈက်ဴးလြန္မယ္၊ မက်ဴးလြန္ဘူးဆိုတာ ေျပာရခက္တယ္။ လက္နက္ပါလာတာကေတာ့ ကၽြန္ေတာ္တုိ႔ဘက္က စစ္ေဆးမႈေတြ အားနည္းသလားေပါ့။ တရားမဝင္ ဝင္လာတယ္ဆိုရင္လည္း တရားမဝင္ ဝင္ႏုိင္တဲ့လမ္းေၾကာင္းေတြမွာ ျပည္သူ႔စစ္ေတြလည္း ထားပါတယ္။ ေနာက္တစ္ခုက ဒီဘက္မွာ ႏွစ္ႏိုင္ငံ မွတ္ပံုတင္ကိုင္တာရိွတယ္။ တစ္ခ်ိဳ႕လည္း ျမန္မာႏုိင္ငံ ေက်းရြာ ေဒသေတြ ဘက္ကေန မွတ္ပံုတင္လုပ္လာၿပီး ေနထိုင္တာရိွတယ္။ ဒါေတြကို လူထုအေနနဲ႔လည္း ထဲထဲဝင္ဝင္ မသိၾကဘူးေပါ့။ အဲဒီလို မွတ္ပံုတင္အတုနဲ႔ လာေနတယ္ဆိုရင္လည္း မသိေတာ့ ရပ္ကြက္ရံုး သတင္းပို႔ဆိုလည္း ဒီမွတ္ပံုတင္အတုနဲ႔ ပို႔လုိက္တာေပါ့။ တကယ္တမ္း ထုိင္းႏုိင္ငံသားျဖစ္ေနတယ္ဆိုတာကို ေဒသခံေတြက မသိတာေတြလည္းရိွတယ္။ လက္နက္၊မူးယစ္ေဆးနဲ႔ပတ္သက္လို႔ တင္းၾကပ္စြာ စစ္ေဆးမႈ အားနည္းတယ္ လို႔ေတာ့ သံုးသပ္ခ်င္ပါတယ္။ ေနာက္တစ္ခုက ရဲတပ္အဖြဲ႕အေနနဲ႔ တရားဥပေဒ စိုးမိုးေရး လုပ္ရာမွာ ဒီဘက္မွာ ရဲအက္(၄၇)က မတည္ဘူးျဖစ္ေနတာက သူတုိ႔အတြက္ အခက္အခဲျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

အဆုိပါ ဖမ္းဆီးမႈကို ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းႏုတို႔ ဦးေဆာင္ႀကီးၾကပ္ၿပီး ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္၊ စရဖမွ ဗိုလ္ႀကီး သန္႔စဥ္ထြန္း၊ ၿမိဳ႕မရဲစခန္း နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္၊ ျပည္နယ္ရဲရံုး(မႈ/ကူ)မွ ရဲအုပ္ ေအးထြန္းသိန္း၊ ခရိုင္ရဲတပ္ဖြဲ႕ (မႈ/ႏွိမ္)မွ ရဲအုပ္ေသာင္းေရႊ၊ မူးယစ္တပ္ဖြဲ႕စု(၃၀)မွ ရဲအုပ္ ဝင္းထြန္း၊ သတရစုမွ ရဲတပ္ၾကပ္ႀကီး ဇင္မင္းေသာ္၊ ဒုလဝကမွဴး ေကာင္းေက်ာ္၊ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္တို႔ႏွင့္ သက္ေသမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတို့နှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ နေ့လယ် (၂)နာရီကျော်က ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား အမျိုးသား (၄)ဦးကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးက ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“သူတို့တွေ တရားဝင် ဝင်လာတာလား၊ တရားမဝင် ဝင်လာတာလားဆိုတာကို လဝက က စစ်ဆေး နေပါတယ် ”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးလမ်းရှိ နေအိမ်ခန်းတစ်ခုအား ရဲတပ်ဖွဲ့နှင့်သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား(၄)ဦးနှင့်အတူ ICE မူးယစ်ဆေး (၅၀) ဂရမ်ခန့်၊ WY စိတ်ကြွဆေးပြား (၈၀)ပြား၊ ပစ္စတိုသေနတ် (၂)လက်၊ ကျည်အိမ်(၃)ခု၊ ကျည် (၃၂)တောင့်၊ ယာဉ်အမှတ် CROWN အမျိုးအစား အနက်ရောင် မော်တော်ယာဉ်(၁)စီးတို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသခံများသည် တာချီလိတ်တွင် (၇)ရက်တာ နေထိုင်ခွင့်ရှိသည့် နယ်စပ်ဖြတ်ကျော် စာအုပ်များဖြင့် လာရောက် နေထိုင်ခွင့် ရှိသော်လည်း နေအိမ်ခန်းများတွင် တည်းခိုနေထိုင်ခွင့် မရှိဘဲ နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်ထားသူများ၊ မှတ်ပုံတင်အတုများဖြင့် တာချီလိတ်ရှိ နေအိမ်ခန်းများတွင် ငှါးရမ်း နေထိုင်မှုများ ရှိနေသည်ကို တွေ့ရကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဆိုသည်။

“ဒီနယ်စပ်ဒေသမှာ နေတဲ့သူတွေက စာအုပ်(နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်)တွေနဲ့ (၇)ရက်နေခွင့် ရှိကြတယ်။ ဒီတော့ ဒီလိုလာနကြေတာမှာ ပြစ်မှုကျူးလွန်မယ်၊ မကျူးလွန်ဘူးဆိုတာ ပြောရခက်တယ်။ လက်နက်ပါလာတာကတော့ ကျွန်တော်တို့ဘက်က စစ်ဆေးမှုတွေ အားနည်းသလားပေါ့။ တရားမဝင် ဝင်လာတယ်ဆိုရင်လည်း တရားမဝင် ဝင်နိုင်တဲ့လမ်းကြောင်းတွေမှာ ပြည်သူ့စစ်တွေလည်း ထားပါတယ်။ နောက်တစ်ခုက ဒီဘက်မှာ နှစ်နိုင်ငံ မှတ်ပုံတင်ကိုင်တာရှိတယ်။ တစ်ချို့လည်း မြန်မာနိုင်ငံ ကျေးရွာ ဒေသတွေ ဘက်ကနေ မှတ်ပုံတင်လုပ်လာပြီး နေထိုင်တာရှိတယ်။ ဒါတွေကို လူထုအနေနဲ့လည်း ထဲထဲဝင်ဝင် မသိကြဘူးပေါ့။ အဲဒီလို မှတ်ပုံတင်အတုနဲ့ လာနေတယ်ဆိုရင်လည်း မသိတော့ ရပ်ကွက်ရုံး သတင်းပို့ဆိုလည်း ဒီမှတ်ပုံတင်အတုနဲ့ ပို့လိုက်တာပေါ့။ တကယ်တမ်း ထိုင်းနိုင်ငံသားဖြစ်နေတယ်ဆိုတာကို ဒေသခံတွေက မသိတာတွေလည်းရှိတယ်။ လက်နက်၊မူးယစ်ဆေးနဲ့ပတ်သက်လို့ တင်းကြပ်စွာ စစ်ဆေးမှု အားနည်းတယ် လို့တော့ သုံးသပ်ချင်ပါတယ်။ နောက်တစ်ခုက ရဲတပ်အဖွဲ့အနေနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ရာမှာ ဒီဘက်မှာ ရဲအက်(၄၇)က မတည်ဘူးဖြစ်နေတာက သူတို့အတွက် အခက်အခဲဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

အဆိုပါ ဖမ်းဆီးမှုကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုတို့ ဦးဆောင်ကြီးကြပ်ပြီး မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ စရဖမှ ဗိုလ်ကြီး သန့်စဉ်ထွန်း၊ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်၊ ပြည်နယ်ရဲရုံး(မှု/ကူ)မှ ရဲအုပ် အေးထွန်းသိန်း၊ ခရိုင်ရဲတပ်ဖွဲ့ (မှု/နှိမ်)မှ ရဲအုပ်သောင်းရွှေ၊ မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲအုပ် ဝင်းထွန်း၊ သတရစုမှ ရဲတပ်ကြပ်ကြီး ဇင်မင်းသော်၊ ဒုလဝကမှူး ကောင်းကျော်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့နှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~