ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းပန္လယ္ေက်းရြာအုပ္စု၊ ေတာင္ေျခရြာတြင္ မူးယစ္ေဆးဝါး ေရာင္းခ်ေၾကာင္း သတင္းရ ေနအိမ္အား ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြ ေဆးျပား (၂,၂၈၀)ျပား၊ ဘိန္းမဲ (၉၀)ဂရမ္၊ ေဆးရႈသည့္ ပစၥည္းမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။
က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ေအးခိုင္ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ႏွင့္ အတူ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔ ည(၁၀)နာရီခြဲအခ်ိန္တြင္ မူးယစ္ သတင္းရသည့္ ေလာဟူ၏ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပုိင္ရွင္ ေလာဟူကိုေတြ႔ရၿပီး ေနအိမ္အတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား (၁၉၀)ျပားပါ (၁၂)ထုပ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၂၈၀)ျပား၊ OK စာတမ္းပါ အိတ္ျဖင့္ထုပ္ထားသည့္ ဘိန္းမဲ (၉၀)ဂရမ္၊ ေဆးရႈရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေလာဟူအား ၾသဂုတ္လ(၂၃)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ မယ(ပ) ၁၆၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ကျိုင်းတုံမြို့မရဲစခန်းမှ ရဲအုပ် အေးခိုင်ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ ည(၁၀)နာရီခွဲအချိန်တွင် မူးယစ် သတင်းရသည့် လောဟူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် လောဟူကိုတွေ့ရပြီး နေအိမ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၁၉၀)ပြားပါ (၁၂)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၂၂၈၀)ပြား၊ OK စာတမ်းပါ အိတ်ဖြင့်ထုပ်ထားသည့် ဘိန်းမဲ (၉၀)ဂရမ်၊ ဆေးရှုရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် လောဟူအား သြဂုတ်လ(၂၃)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း၌ မယ(ပ) ၁၆၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)