တာချီလိတ်ခရိုင် တာလေမြို့တွင် ရွှေတူးသည့် ၀ါးဖောင်(၂)ဖောင်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးသိမ်းဆည်း
တာချီလိတ်ခရိုင် တာလေမြို့တွင် ရွှေတူးသည့် ၀ါးဖောင်(၂)ဖောင်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးသိမ်းဆည်း
သွဂုတျ 25, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါခမ်းလုံရွာ နမ့်လင်းချောင်းအတွင်း ရွှေတူးသည့် ဝါးဖောင်(၂)ဖောင်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။
တာလေမြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် နမ့်လင်းချောင်းတစ်လျှောက်တွင် ရွှေသတ္တုတူးဖေါ်ခြင်းကို ခွင့်ပြုထားခြင်း မရှိသော်လည်း ဝါးဖောင်များတွင် အင်ဂျင်တင်ပြီး ရွှေတူးဖေါ်ခြင်းကို လုပ်ဆောင်ခြင်းများအား ယခင်က မကြာခဏ တွေ့ရသော်လည်း သုံးလတာ ကာလအတွင်း အတွေ့ရ နည်းလာသည်ဟု ဒေသခံအချို့က ဆိုသည်။
တာလေနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဇာနည်ထွန်း၊ ရဲတပ်ကြပ် ကျော်ဝမ်းထွန်း၊ ရဲတပ်သား အောင်မင်းဦး၊ ခမရ (၅၇၁)မှ ဗိုလ်ကြီး နေမျိုးသူ နှင့် တပ်ဖွဲ့ဝင်များ ၊ တာလေမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စရဖမှ တပ်ကြပ်ကြီး ညွန့်သန်းနှင့် သက်သေများပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် လှည့်ကင်းဆောင်ရွက်စဉ် အဆိုပါ ရွှေတူးမည့်ဝါးဖောင်များအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါခမ်းလုံရွာ နမ့်လင်းချောင်းအတွင်း ရွှေတူးသည့် ဝါးဖောင်(၂)ဖောင်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို ပြည်သူတွေက သတင်းပေးရင် သွားဖမ်းဆီးတာတွေ လုပ်ပါတယ်။ ချောင်းတစ်လျှောက်မှာ အဓိက လုပ်ကြပါတယ်။ ဒါကြောင့်လည်း ချောင်းတစ်လျှောက်ရှိတဲ့ ကျေးရွာတွေမှာတော့ အသိပညာပေးတွေ လုပ်ထားပါတယ်။ တရားမဝင်ရွှေသတ္တုတူးဖော်တာတွေ တွေ့ရင် နီးစပ်ရာ ရပ်/ကျေးအုပ်ချုပ်ရေးတွေ ဖြစ်ဖြစ်၊ ရဲတပ်ဖွဲ့ဖြစ်ဖြစ် အသိပေးကြဖို့ နှိုးဆော်ထားပါတယ်”ဟု တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာလမြေို့အတွင်း ဖြတ်သန်းစီးဆင်းသည့် နမ့်လင်းချောင်းတစ်လျှောက်တွင် ရွှေသတ္တုတူးဖော်ခြင်းကို ခွင့်ပြုထားခြင်း မရှိသော်လည်း ဝါးဖောင်များတွင် အင်ဂျင်တင်ပြီး ရွှေတူးဖော်ခြင်းကို လုပ်ဆောင်ခြင်းများအား ယခင်က မကြာခဏ တွေ့ရသော်လည်း သုံးလတာ ကာလအတွင်း အတွေ့ရ နည်းလာသည်ဟု ဒေသခံအချို့က ဆိုသည်။
“ဒီဘက်မှာ ရွှေဖောင်တွေ အတွေ့ရနည်းသွားတာ သုံးလေးလလောက်တော့ရှိပြီ။ နယ်မြေမှာ ဒေသတာဝန်ရှိသူတွေကလည်း အရင်ကထက် နည်းနည်း သတိပေးလိုက်တာတွေရော လွှတ်တော်ကိုယ်စားလှယ်တွေ နယ်မြေကွင်းဆင်းတာရော ဆိုတော့ အရင်က တွေ့နေရတာထက် နည်းသွားတာတော့ တွေ့ပါတယ်”ဟု တာလမြေို့မှ ဒေသခံတစ်ဦးက ပြောသည်။
တာလေနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဇာနည်ထွန်း၊ ရဲတပ်ကြပ် ကျော်ဝမ်းထွန်း၊ ရဲတပ်သား အောင်မင်းဦး၊ ခမရ (၅၇၁)မှ ဗိုလ်ကြီး နေမျိုးသူ နှင့် တပ်ဖွဲ့ဝင်များ၊ တာလမြေို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စရဖမှ တပ်ကြပ်ကြီး ညွန့်သန်းနှင့် သက်သေများပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် လှည့်ကင်းဆောင်ရွက်စဉ် အဆိုပါ ရွှေတူးမည့်ဝါးဖောင်များအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဝါးဖောင်ပေါ်တွင် (၂၅)ကောင်အား အင်ဂျင်(၂)လုံး၊ ရေလည်အုံ (၂)ခု၊ လေအိုး(၂)လုံး၊ လေမှုတ်စက်(၂)လုံး၊ ပိုက်ပျော့(၂)ချောင်း၊ လေရှုပိုက်ပျော့(၂)ချောင်း၊ အင်ဝိုင်းပြား(၂)ချပ်၊ အစိမ်းရောင်ကော်ဇော(၂)ချပ်၊ ရေငုတ်ဝတ်စုံ(၂)ထည်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိမှုအား တာလေနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၁၈၊ သတ္တုတွင်းအက်ဥပဒေပုဒ်မ ၃၀(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~