တာခ်ီလိတ္တြင္ လက္နက္၊ မူးယစ္မႈတုိ႔ျဖင့္ အေရးယူခံထားရသည့္ ထုိင္းနိုင္ငံသား(၄)ဦးႏွင့္ လက္ခံထားသည့္ ေနအိမ္ပိုင္ရွင္တုိ႔ကို လဝက အက္ဥပေဒျဖင့္ ထပ္မံအေရးယူထားၿပီး ေနအိမ္ပိုင္ရွင္ ထြက္ေျပးေန

တာခ်ီလိတ္တြင္ လက္နက္၊ မူးယစ္မႈတုိ႔ျဖင့္ အေရးယူခံထားရသည့္ ထုိင္းနိုင္ငံသား(၄)ဦးႏွင့္ လက္ခံထားသည့္ ေနအိမ္ပိုင္ရွင္တုိ႔ကို လဝက အက္ဥပေဒျဖင့္ ထပ္မံအေရးယူထားၿပီး ေနအိမ္ပိုင္ရွင္ ထြက္ေျပးေန
သြဂုတ် 26, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ လက္နက္၊ မူးယစ္ေဆးႏွင့္ သက္ဆုိင္သည့္ ပုဒ္မမ်ားျဖင့္ အမႈဖြင့္ခံထားရသည့္ ထုိင္းႏိုင္ငံသား(၄)ဦးႏွင့္ ၎တို႔အား လက္ခံထားသည့္ ေနအိမ္ပိုင္ရွင္တုိ႔ကို လဝကအက္ဥပေဒျဖင့္ ထပ္မံအေရးယူထားၿပီး ေနအိမ္ပိုင္ရွင္မွာ ထြက္ေျပး တိမ္းေရွာင္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္၊ ေရႊေျမသာယာေစ်းလမ္းရွိ ေနအိမ္အား မူးယစ္ေဆးဝါး သတင္းအရ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၃)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္တြင္ ရဲတပ္ဖြဲ႕က ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ ရွာေဖြရာ ထိုင္းႏုိင္ငံသား(၄)ဦးကို ICE မူးယစ္ေဆး (၅၀) ဂရမ္ခန္႔၊ WY စိတ္ၾကြေဆးျပား (၈၀)ျပား၊ ပစၥတိုေသနတ္ (၂)လက္၊ က်ည္အိမ္(၃)ခု၊ က်ည္ (၃၂)ေတာင့္၊ ယာဥ္အမွတ္ CROWN အမ်ိဳးအစား အနက္ေရာင္ ေမာ္ေတာ္ယာဥ္(၁)စီးတို႔အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံသား(၄)ဦးျဖစ္သည့္ Witsanoot၊ Teerawad Kampunjian၊ Manop Changkaewႏွင့္ Anusorn Daorucang တို႔အား ၾသဂုတ္လ (၂၄)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ မယ(ပ) ၇၁/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၂(ခ)/၂၁ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္သည္။

အဆိုပါ ထိုင္းႏုိင္ငံသားမ်ားကို လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက ဆက္လက္စစ္ေဆးရာ အသက္(၂၅)ႏွစ္အရြယ္ Witsanoot သည္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၃)ရက္ေန႔တြင္ လည္းေကာင္း၊ အသက္ (၂၄)ႏွစ္အရြယ္ Manop Changkaew သည္ ၾသဂုတ္လ (၁၉)ရက္ေန႔တြင္လည္းေကာင္း၊ အသက္(၂၀)ႏွစ္အရြယ္ Anusorn Daorucang သည္ ၾသဂုတ္လ(၁၈)ရက္ေန႔တြင္ လည္းေကာင္း ျမန္မာ-ထုိင္းခ်စ္ၾကည္ေရး တံတား အမွတ္(၁)မွေန၍ ျဖတ္သန္းဝင္ေရာက္လာသည္ဟု ထြက္ဆိုေသာ္လည္း အေထာက္အထား ျပသႏုိင္ျခင္းမရိွဘဲ အသက္ (၁၉)ႏွစ္အရြယ္ Teerawad Kampunjian ထံတြင္ ၾသဂုတ္လ(၁၉)ရက္မွ (၂၅)ရက္ေန႔အထိ ခြင့္ျပဳထားသည့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ကိုသာ စစ္ေဆးေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသား(၄)ဦးႏွင့္အတူ ႏိုင္ငံျခားသားမ်ားကို ေနအိမ္တြင္ လက္ခံထားသည့္ စိုင္းနႏၵိယတုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ၾသဂုတ္လ(၂၄)ရက္ေန႔က (ပ) ၂၈၅/၂၀၁၈၊ လဝကအက္ ဥပေဒပုဒ္မ ၁၃(၁)/၁၃(၅)အရ ထပ္မံအမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်မြို့မရဲစခန်းတွင် လက်နက်၊ မူးယစ်ဆေးနှင့် သက်ဆိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည့် ထိုင်းနိုင်ငံသား(၄)ဦးနှင့်၎င်းတို့အား လက်ခံထားသည့် နေအိမ်ပိုင်ရှင်တို့ကို လဝကအက်ဥပဒဖြေင့် ထပ်မံအရေးယူထားပြီး နေအိမ်ပိုင်ရှင်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးလမ်းရှိ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ရှာဖွေရာ ထိုင်းနိုင်ငံသား(၄)ဦးကို ICE မူးယစ်ဆေး (၅၀) ဂရမ်ခန့်၊ WY စိတ်ကြွဆေးပြား (၈၀)ပြား၊ ပစ္စတိုသေနတ် (၂)လက်၊ ကျည်အိမ်(၃)ခု၊ ကျည် (၃၂)တောင့်၊ ယာဉ်အမှတ် CROWN အမျိုးအစား အနက်ရောင် မော်တော်ယာဉ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား(၄)ဦးဖြစ်သည့် Witsanoot၊ Teerawad Kampunjian၊ Manop Changkaewနှင့် Anusorn Daorucang တို့အား သြဂုတ်လ (၂၄)ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်း၌ မယ(ပ) ၇၁/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဆက်လက်စစ်ဆေးရာ အသက်(၂၅)နှစ်အရွယ် Witsanoot သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် လည်းကောင်း၊ အသက် (၂၄)နှစ်အရွယ် Manop Changkaew သည် သြဂုတ်လ (၁၉)ရက်နေ့တွင်လည်းကောင်း၊ အသက်(၂၀)နှစ်အရွယ် Anusorn Daorucang သည် သြဂုတ်လ(၁၈)ရက်နေ့တွင် လည်းကောင်း မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၁)မှနေ၍ ဖြတ်သန်းဝင်ရောက်လာသည်ဟု ထွက်ဆိုသော်လည်း အထောက်အထား ပြသနိုင်ခြင်းမရှိဘဲ အသက် (၁၉)နှစ်အရွယ် Teerawad Kampunjian ထံတွင် သြဂုတ်လ(၁၉)ရက်မှ (၂၅)ရက်နေ့အထိ ခွင့်ပြုထားသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုသာ စစ်ဆေးတွေ့ရကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား(၄)ဦးနှင့်အတူ နိုင်ငံခြားသားများကို နေအိမ်တွင် လက်ခံထားသည့် စိုင်းနန္ဒိယတို့အား တာချီလိတ်မြို့မရဲစခန်းတွင် သြဂုတ်လ(၂၄)ရက်နေ့က (ပ) ၂၈၅/၂၀၁၈၊ လဝကအက် ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)အရ ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~