ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ မွ မယ္ဆိုင္အသြား ခ်စ္ၾကည္ေရး အမွတ္(၁)တံတားရွိ မယ္ဆိုင္ဘက္ ဂိတ္တြင္ တာခ်ီလိတ္ဘက္မွ မူးယစ္ေဆး၀ါး သယ္ေဆာင္သြားသူ ထိုင္းႏိုင္ငံသား လူငယ္ တစ္ဦးအား ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၇)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည(၈)နာရီခြဲ၀န္းက်င္အခ်ိန္က ထိုင္းဘက္ တာ၀န္ရွိသူမ်ားက စစ္ေဆး ဖမ္းဆီးရမိေၾကာင္း သိရသည္။
အသက္(၂၀)ႏွစ္အရြယ္ရွိ ထိုင္းႏုိင္ငံသား ဆဲန္ခ်ဳိင္း လတ္ခ်ခြမ္သည္ တံတားပိတ္ခ်ိန္ျဖစ္သည့္ ျမန္မာစံေတာ္ခ်ိန္ ည(၈)နာရီခြဲ၀န္းက်င္က တာခ်ီလိတ္ကို လြန္၍ မယ္ဆိုင္သို႔ လွမ္းေလွ်ာက္ ၀င္လာျခင္းျဖစ္ၿပီး ၎ထံမွ စိတ္ၾကြေဆးျပား စုစုေပါင္း (၆,၀၀၀)ျပားကို ရွာေဖြေတြ႔ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီး သိမ္းဆည္းရမိျခင္း ႏွင့္ ပတ္သက္၍ ကြင္းဆက္မ်ား ဖမ္းဆီးရမိေရးအတြက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။
ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ျမန္မာဘက္ တြင္ စစ္ေဆးမႈမ်ား မရွိဘဲ ထိုင္းဘက္ မယ္ဆိုင္အ၀င္တြင္ စစ္ေဆးမႈမ်ားကို လူျဖင့္ စစ္ေဆးျခင္း၊ စက္မ်ားျဖင့္ စစ္ေဆးျခင္းမ်ားကို တံတား ဖြင့္ခ်ိန္မ်ားတြင္ ေဆာင္ရြက္သည့္ အတြက္ တာခ်ီလိတ္ကို လြန္၍ မယ္ဆိုင္သို႔ ၀င္ေရာက္လာေသာ မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူမ်ားကို မၾကာခဏ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ထို႔အတူ ၂၀၁၈ခုႏွစ္ ၾသဂုတ္လအတြင္း၌ ထိုင္းဘက္အ၀င္ မယ္ဆိုင္ဂိတ္တြင္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၀)ရက္ေန႔ နံနက္(၇း၄၀)နာရီ၀န္းက်င္ အခ်ိန္က ျမန္မာႏိုင္ငံသားျဖစ္သည့္ အသက္(၂၅)ႏွစ္ရွိ စိုင္းအံုးေမာင္ထံက စိတ္ၾကြရူးသြပ္ေဆးျပား (၁၀၀၀၀)ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
Tachileik News Agency
အသက်(၂၀)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ဆဲန်ချိုင်း လတ်ချခွမ်သည် တံတားပိတ်ချိန်ဖြစ်သည့် မြန်မာစံတော်ချိန် ည(၈)နာရီခွဲဝန်းကျင်က တာချီလိတ်ကို လွန်၍ မယ်ဆိုင်သို့ လှမ်းလျှောက် ဝင်လာခြင်းဖြစ်ပြီး၎င်းထံမှ စိတ်ကြွဆေးပြား စုစုပေါင်း (၆,ဝဝဝ)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီး သိမ်းဆည်းရမိခြင်း နှင့် ပတ်သက်၍ ကွင်းဆက်များ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြန်မာဘက် တွင် စစ်ဆေးမှုများ မရှိဘဲ ထိုင်းဘက် မယ်ဆိုင်အဝင်တွင် စစ်ဆေးမှုများကို လူဖြင့် စစ်ဆေးခြင်း၊ စက်များဖြင့် စစ်ဆေးခြင်းများကို တံတား ဖွင့်ချိန်များတွင် ဆောင်ရွက်သည့် အတွက် တာချီလိတ်ကို လွန်၍ မယ်ဆိုင်သို့ ဝင်ရောက်လာသော မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို မကြာခဏ ဖမ်းဆီးရမိကြောင်း သိရသည်။
ထို့အတူ ၂၀၁၈ခုနှစ် သြဂုတ်လအတွင်း၌ ထိုင်းဘက်အဝင် မယ်ဆိုင်ဂိတ်တွင် ၂၀၁၈ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(ရး၄၀)နာရီဝန်းကျင် အချိန်က မြန်မာနိုင်ငံသားဖြစ်သည့် အသက်(၂၅)နှစ်ရှိ စိုင်းအုံးမောင်ထံက စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Tachileik News Agency