က်ဳိင္းတံုၿမိဳ႕နယ္တြင္ ၾသဂုတ္လအတြင္း ဓါးကိုင္ေသာင္းက်န္းသူ (၄)ဦး ေပၚေပါက္လာ၍၊ အမႈဖြင့္ အေရးယူထားရ

က်ဳိင္းတံုၿမိဳ႕နယ္တြင္ ၾသဂုတ္လအတြင္း ဓါးကိုင္ေသာင္းက်န္းသူ (၄)ဦး ေပၚေပါက္လာ၍၊ အမႈဖြင့္ အေရးယူထားရ
သြဂုတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ၊ က်ဳိင္းတံုၿမိဳ႕နယ္တြင္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လအတြင္း မူးယစ္ ေသာက္စားကာ ေအာ္ဟစ္ဆဲဆိုၿပီး ဓါးကိုင္ေသာင္းက်န္းသူ (၄)ဦးေျမာက္အျဖစ္ ၾသဂုတ္လ(၂၉)ရက္ေန႔က အမ်ဳိးသားတစ္ဦးအား ထပ္မံ ဖမ္းဆီး အေရးယူလိုက္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၉)ရက္ေန႔ ည(၈)နာရီခြဲ၀န္းက်င္အခ်ိန္က က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ေနာင္ႏြန္း(လားဟူ)ရြာ လမ္းမေပၚတြင္ ထူးေခ်သည္ (၁၉)လက္မ၀န္းက်င္ရွိ ဓါးတစ္လက္အား ကိုင္ေဆာင္ကာ  ေအာ္ဟစ္ဆဲဆိုၿပီး ေသာင္းက်န္းေနသည့္အတြက္ ရဲတပ္ဖြဲ႔ ႏွင့္ သက္ဆိုင္ရာမ်ားက ၀ိုင္း၀န္း ထိန္းသိမ္းဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ အသက္(၂၃)ႏွစ္၀န္းက်င္ရွိ ထူးေခ်အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၃၄၅/၂၀၁၈၊ လက္နက္ပုဒ္မ၁၉(င)ျဖင့္ အမႈဖြင့္အေရးယူးထားေၾကာင္း သိရသည္။

ယခုဖမ္းဆီးရမိသည့္ ဓါးကိုင္ေသာင္းက်န္းသူ အမ်ဳိးသား တစ္ဦးအပါအ၀င္ က်ိဳင္းတံုၿမိဳ႕နယ္ မုိင္းဇင္းေက်းရြာ အုပ္စု၊ ေညာင္ညိဳရြာတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၁)ရက္ေန႔ နံနက္ (၇)နာရီခြဲ ဝန္းက်င္က အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသူ တစ္ဦး၊  ရပ္ကြက္(၁)၊ ဟိုေနာင္ဆင္ရြာလမ္းမတြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ ညေန(၅)နာရီခြဲအခ်ိန္တြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကား ေနသူတစ္ဦး ႏွင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔ နံနက္ (၈)နာရီအခ်ိန္က က်ဳိင္းတံုၿမိဳ႕ လုပ္သားရြာတြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသည့္ လူငယ္တစ္ဦး စုစုေပါင္း (၄)ဦးအား ၾသဂုတ္လအတြင္း၌ ဖမ္းဆီးရမိျခင္း ျဖစ္သည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၁၈ခုနှစ် သြဂုတ်လအတွင်း မူးယစ် သောက်စားကာ အော်ဟစ်ဆဲဆိုပြီး ဓားကိုင်သောင်းကျန်းသူ (၄)ဦးမြောက်အဖြစ် သြဂုတ်လ(၂၉)ရက်နေ့က အမျိုးသားတစ်ဦးအား ထပ်မံ ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်း(လားဟူ)ရွာ လမ်းမပေါ်တွင် ထူးချေသည် (၁၉)လက်မဝန်းကျင်ရှိ ဓားတစ်လက်အား ကိုင်ဆောင်ကာ အော်ဟစ်ဆဲဆိုပြီး သောင်းကျန်းနေသည့်အတွက် ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာများက ဝိုင်းဝန်း ထိန်းသိမ်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အသက်(၂၃)နှစ်ဝန်းကျင်ရှိ ထူးချေအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၃၄၅/၂၀၁၈၊ လက်နက်ပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူးထားကြောင်း သိရသည်။

ယခုဖမ်းဆီးရမိသည့် ဓားကိုင်သောင်းကျန်းသူ အမျိုးသား တစ်ဦးအပါအဝင် ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာ အုပ်စု၊ ညောင်ညိုရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ နံနက် (၇)နာရီခွဲ ဝန်းကျင်က အရက်မူးပြီး ဓားကိုင်ရမ်းကားနေသူ တစ်ဦး၊ ရပ်ကွက်(၁)၊ ဟိုနောင်ဆင်ရွာလမ်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်တွင် အရက်မူးပြီး ဓားကိုင်ရမ်းကား နေသူတစ်ဦး နှင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ နံနက် (၈)နာရီအချိန်က ကျိုင်းတုံမြို့ လုပ်သားရွာတွင် အရက်မူးပြီး ဓားကိုင်ရမ်းကားနေသည့် လူငယ်တစ်ဦး စုစုပေါင်း (၄)ဦးအား သြဂုတ်လအတွင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~