ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ နံနက်(၉)နာရီ (၂၅)မိနစ်အချိန်က ကတ်တမင်း အလေးချိန်(၆၅၀)ဂရမ် သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
Tachileik News Agency
မိုင်းကိုးကျေးရွာအုပ်စုဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းဆန်နွန်းကို ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ရှာဖွေရာ၎င်း၏ လွယ်အိတ်အတွင်းမှ ကတ်တမင်းအလေးချိန် (၆၅၀)ဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးသယ်ဆောင်လာသည့် စိုင်းဆန်နွန်းကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency