ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၈)ရက္ေန႔တြင္ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈ(၂)မႈႏွင့္ ကြင္းဆက္ဖမ္းဆီးမႈ(၁)မႈတို႔မွ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ကို ဖမ္းမိထားၿပီး အမ်ိဳးသား(၁)ဦး ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။
သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဝမ္ေကာင္းရပ္ကြက္၊ သီရိဟံသာဘုန္းႀကီးေက်ာင္းေရွ႕၊ ေက်ာက္ေတာင္သခ်ဳႋင္းအဝင္လမ္းတြင္ နံနက္(၁၀)နာရီ (၃၅)မိနစ္ ဝန္းက်င္၌ လမ္းေလွ်ာက္လာသည့္ ဘိုဘို(ခ)ဘိုဘိုထြန္းအား ရွာေဖြရာ စပြန္ဆာပုလင္းျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ (၂၀)ဂရမ္ခန္႔၊ ထုိင္းဘတ္ေငြ (၁၄၀၀)တို႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဘိန္းျဖဴမ်ားအား လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေဂ်ာပ(အထက္)ေက်းရြာရိွ ေလာ္ကာထံမွ ဝယ္ယူေၾကာင္း ေဖၚထုတ္ရရိွသျဖင့္ ေလာ္ကာ၏ ေနအိမ္အား ညေန(၃)နာရီ (၄၀)မိနစ္တြင္ ဝင္ေရာက္ ရွာေဖြရာ ေလာ္ကာအား မေတြ႔ရဘဲ ၎၏ ဇနီးျဖစ္သူ မီနဲကို ေတြ႔ရၿပီး ေနအိမ္အတြင္း ဆက္လက္ ရွာေဖြရာ WY စိတ္ၾကြေဆးျပား (၁၁၀)ျပား၊ ဘိန္းရႈကိရိယာ၊ ခဲျပားဗူး(၁)ဗူး၊ စိတ္ၾကြေဆးျပားရႈရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ဘိန္းစိမ္း(၅၀)ဂရမ္ခန္႔တို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕အဝင္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္လမ္းမ၌ ညေန(၆)နာရီေက်ာ္က သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္ ပါခါးရြာဘက္မွ မုိင္းဆတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းနွင္လာသည့္ ဂ်ာဖိုအား စစ္ေဆးရာ ဆုိင္ကယ္ဘက္ ထရီေဘး အံဝွက္အတြင္း ေကာ္ဗူးျဖင့္ ထည့္လာသည့္ ဘိန္းျဖဴ (၂.၁)ဂရမ္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ဘိုဘို(ခ) ဘုိဘိုထြန္း၊ မီနဲ၊ ထြက္ေျပးေနသည့္ ေလာ္ကာႏွင့္ ဂ်ာဖိုတို႔အား တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆုိင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဝမ်ကောင်းရပ်ကွက်၊ သီရိဟံသာဘုန်းကြီးကျောင်းရှေ့၊ ကျောက်တောင်သင်္ချိုင်းအဝင်လမ်းတွင် နံနက်(၁၀)နာရီ (၃၅)မိနစ် ဝန်းကျင်၌ လမ်းလျှောက်လာသည့် ဘိုဘို(ခ)ဘိုဘိုထွန်းအား ရှာဖွေရာ စပွန်ဆာပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ (၂၀)ဂရမ်ခန့်၊ ထိုင်းဘတ်ငွေ (၁၄၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘိန်းဖြူများအား လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပ(အထက်)ကျေးရွာရှိ လော်ကာထံမှ ဝယ်ယူကြောင်း ဖော်ထုတ်ရရှိသဖြင့် လော်ကာ၏ နေအိမ်အား ညနေ(၃)နာရီ (၄၀)မိနစ်တွင် ဝင်ရောက် ရှာဖွေရာ လော်ကာအား မတွေ့ရဘဲ၎င်း၏ ဇနီးဖြစ်သူ မီနဲကို တွေ့ရပြီး နေအိမ်အတွင်း ဆက်လက် ရှာဖွေရာ WY စိတ်ကြွဆေးပြား (၁၁၀)ပြား၊ ဘိန်းရှုကိရိယာ၊ ခဲပြားဗူး(၁)ဗူး၊ စိတ်ကြွဆေးပြားရှုရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘိန်းစိမ်း(၅၀)ဂရမ်ခန့်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်လမ်းမ၌ ညနေ(၆)နာရီကျော်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် ပါခါးရွာဘက်မှ မိုင်းဆတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ဂျာဖိုအား စစ်ဆေးရာ ဆိုင်ကယ်ဘက် ထရီဘေး အံဝှက်အတွင်း ကော်ဗူးဖြင့် ထည့်လာသည့် ဘိန်းဖြူ (၂.၁)ဂရမ်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ဘိုဘို(ခ) ဘိုဘိုထွန်း၊ မီနဲ၊ ထွက်ပြေးနေသည့် လော်ကာနှင့် ဂျာဖိုတို့အား တာချီလိတ်မြို့ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency