တာခ်ီလိတ္တြင္ ဘိန္းစိမ္း (၁၈)ကီလို သယ္လာသည့္ အမ်ိဳးသား(၄)ဦးအနက္ (၂)ဦးထြက္ေျပး လြတ္ေျမာက္ေန

တာခ်ီလိတ္တြင္ ဘိန္းစိမ္း (၁၈)ကီလို သယ္လာသည့္ အမ်ိဳးသား(၄)ဦးအနက္ (၂)ဦးထြက္ေျပး လြတ္ေျမာက္ေန
အောက်တိုဘာ 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဟဲ(ေအာက္)ေက်းရြာအုပ္စု၊ ယန္းေခါင္ေက်းရြာအနီး ေတာလမ္းတြင္ ဆိုင္ကယ္ (၂)စီးျဖင့္ ဘိန္းစိမ္းမ်ားသယ္လာသည့္ အမ်ိဳးသား(၄)ဦးအနက္ (၂)ဦးမွာ ထြက္ေျပး လြတ္ေျမာက္ေနေၾကာင္း သိရသည္။

ယန္းေခါင္ေက်းရြာမွ စန္းလုေက်းရြာဘက္သို႔သြားသည့္ ေတာလမ္းတြင္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၁၁)ရက္ေန႔က ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ သတင္းအရ ေစာင့္ဆိုင္း ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေတာလမ္းတြင္ ညေန(၆)နာရီ (၄၅)မိနစ္အခ်ိန္၌ ယန္းေခါင္ရြာဘက္မွ စန္းလုရြာဘက္သို႔ ေခယား (ခ) အားယားေမာင္းႏွင္ၿပီး ေခေလာ္ေအ့ လိုက္ပါလာသည့္ ဆုိင္ကယ္အား စစ္ေဆးေနစဥ္ အဆိုပါ စစ္ေဆးေရးအဖြဲ႕ႏွင့္ ကိုက္(၁၀၀)ခန္႔အကြာ၌ ဆုိင္ကယ္တစ္စီး လွဲဲခ်ထားခဲ့ကာ အမ်ိဳးသား(၂)ဦးမွာ လမ္းေဘးၿခံဳေတာအတြင္း ထြက္ေျပးသြားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ေခယား(ခ)အားယားႏွင့္ ေခေလာ္ေအ့တို႔စီးနင္းလာသည့္ဆုိင္ကယ္တြင္ ဘိန္းစိမ္း(၇.၅)ကီလိုကို ရွာေဖြေတြ႔ရိွရၿပီး လူထြက္ ေျပးသြားသည့္ဆိုင္ကယ္မွ ဘိန္းစိမ္း(၁၀.၅)ကီလိုကို ရွာေဖြ ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေခယား(ခ)အားယားႏွင့္ ေခေလာ္ေအ့တို႔ကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၉၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနၿပီး ထြက္ေျပး လြတ္ေျမာက္ေနသူႏွစ္ဦးကို မယ(ပ)၁၀၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ၿပီး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ယန်းခေါင်ကျေးရွာအနီး တောလမ်းတွင် ဆိုင်ကယ် (၂)စီးဖြင့် ဘိန်းစိမ်းများသယ်လာသည့် အမျိုးသား(၄)ဦးအနက် (၂)ဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

ယန်းခေါင်ကျေးရွာမှ စန်းလုကျေးရွာဘက်သို့သွားသည့် တောလမ်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့က ရဲတပ်ဖွဲ့ဝင်များနှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောလမ်းတွင် ညနေ(၆)နာရီ (၄၅)မိနစ်အချိန်၌ ယန်းခေါင်ရွာဘက်မှ စန်းလုရွာဘက်သို့ ခေယား (ခ) အားယားမောင်းနှင်ပြီး ခေလော်အေ့ လိုက်ပါလာသည့် ဆိုင်ကယ်အား စစ်ဆေးနေစဉ် အဆိုပါ စစ်ဆေးရေးအဖွဲ့နှင့် ကိုက်(၁၀၀)ခန့်အကွာ၌ ဆိုင်ကယ်တစ်စီး လှဲချထားခဲ့ကာ အမျိုးသား(၂)ဦးမှာ လမ်းဘေးခြုံတောအတွင်း ထွက်ပြေးသွားသည်ကို တွေ့ရကြောင်း သိရသည်။

ခေယား(ခ)အားယားနှင့် ခေလော်အေ့တို့စီးနင်းလာသည့်ဆိုင်ကယ်တွင် ဘိန်းစိမ်း(၇.၅)ကီလိုကို ရှာဖွေတွေ့ရှိရပြီး လူထွက် ပြေးသွားသည့်ဆိုင်ကယ်မှ ဘိန်းစိမ်း(၁၀.၅)ကီလိုကို ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ခေယား(ခ)အားယားနှင့် ခေလော်အေ့တို့ကို တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၉၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနပြေီး ထွက်ပြေး လွတ်မြောက်နေသူနှစ်ဦးကို မယ(ပ)၁၀၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~