ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်း သွားလမ်းဘေးရှိ ရီဂျီးနားဂေါက်ကွင်းပိုင် ရေကန်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ကလေး၏ ဖခင်ဖြစ်သူသည် သူငယ်ချင်းများနှင့်အတူ ဂေါက်ကွင်းဘေးတွင် အရက်သောက်နေကြစဉ် အတူခေါ်လာသည့် သားဖြစ်သူ ပဉ္စမတန်းကျောင်းသားလေးကို ရေနစ်သွားသေဆုံးသွားသည့် ဦးရန်ရှင်းက ရေကူး သင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကန်တွင် ဂေါက်သီးငုပ်၍ရှာဖွေသူများ၊ ရေဆင်းကူးသူများရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသူသည် အသက်(၅၀)၀န်းကျင်ရှိ ဦးရန်ရှင်းဆိုသူဖြစ်ပြီး ၎င်းသည် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ကြောင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေတွင် နေထိုင်သူ ဖြစ်ကြောင်း နှင့် တာချီလိတ်တွင် အနေကြာသူ ဖြစ်နေဖြစ်ပြီး ဆွေမျိုးများမရှိကြောင်း ၎င်း နှင့် နီးစပ်သူများထဲက သိရသည်။
Tachileik News Agency
“ရေနစ်သွားတာက ကျွန်တော့်အိမ်နီးချင်းပါပဲ။ အစောပိုင်းမှာ ကလေးက ကန်နားမှာ ရေကူးနေတာကို သူက ပခုံးပေါ်ထမ်းပြီး ကူးပေးမယ်ဆိုပြီး ကူးနကြေတာ။ ရေနစ်တော့ အစပိုင်းမှာ နောက်နေတယ် ထင်နေတာ။ သူတို့က အရင်ကလည်း ဒီလိုပဲ ရေကူးနကြေဆိုတော့ ရေနစ်တယ်လို့ မထင်မိဘူး။ ကလေးကို ဆွဲနှစ်သလို ဖြစ်နေတာတွေ့မှ တကယ်နစ်ပြီဆိုပြီး ရေထဲခုန်ချပြီး ကျွန်တော့်သားကို သွားကယ်ခဲ့ရတာ”ဟု ရေနစ်သည့် ကလေး၏ ဖခင်ဖြစ်သူ ဦးသိန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကလေး၏ ဖခင်ဖြစ်သူသည် သူငယ်ချင်းများနှင့်အတူ ဂေါက်ကွင်းဘေးတွင် အရက်သောက်နကြေစဉ် အတူခေါ်လာသည့် သားဖြစ်သူ ပဉ္စမတန်းကျောင်းသားလေးကို ရေနစ်သွားသေဆုံးသွားသည့် ဦးရန်ရှင်းက ရေကူး သင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက် ရှာဖွေကယ်ဆယ်ပေးရာ ညနေ (၆)နာရီကျော်တွင် အလောင်းအား ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ရီဂျီးနားဂေါက်ကွင်းရေကန်ဘေးတွင် အများပြည်သူ လာရောက် အပန်းဖြေလေ့ရှိကြပြီး အဆိုပါ ရေကန်တွင်း ရေမကူးရန် သတိပေးတားမြစ်ထားသည့် ဆိုင်းဘုတ်များ ထားရှိသည်ကို မတွေ့ရဘဲ ကာရံထားသည့် သံဆူးကြိုးများမှာ ပျက်စီးနေသည်ကို တွေ့ရသည်။
အဆိုပါ ရေကန်တွင် ဂေါက်သီးငုပ်၍ရှာဖွေသူများ၊ ရေဆင်းကူးသူများရှိနခြေင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသူသည် အသက်(၅၂)နှစ်ဝန်းကျင်ရှိ ဦးရန်ရှင်းဆိုသူဖြစ်ပြီး၎င်းသည် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ကြောင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေတွင် နေထိုင်သူ ဖြစ်ကြောင်း နှင့် တာချီလိတ်တွင် အနကြောသူ ဖြစ်နဖြေစ်ပြီး ဆွေမျိုးများမရှိကြောင်း၎င်း နှင့် နီးစပ်သူများထဲက သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း၊ ချယ်ရီထိုက်၊