ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ မုိင္းျဖတ္ေက်းရြာအုပ္စု၊ ဟိုနားေက်းရြာရိွ ျပည္ေထာင္စု လမ္းမႀကီးေဘးတြင္ ပိုင္ရွင္မဲ့ စြန္႔ပစ္ထားသည့္ ယာဥ္အိုယာဥ္ေဟာင္းတစ္စီးကို နံနက္(၅)နာရီခြဲခန္႔က ဆိုင္ကယ္တစ္စီးဝင္တုိက္မိၿပီး ေမာင္းႏွင္သူအမ်ိဳးသား ေသဆံုးသြားေၾကာင္း သိရသည္။
၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔ နံနက္(၅)နာရီခြဲဝန္းက်င္တြင္ ဟိုနားေက်းရြာရိွ က်ိဳင္းတံု - မုိင္းျဖတ္ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၇၀၇)ႏွင့္ (၇၀၈)ၾကားတြင္ က်ိဳင္းတံုဘက္မွ မုိင္းျဖတ္ဘက္သို႔ ေမာင္းႏွင္သည့္ ယာဥ္ေၾကာဘက္၌ လမ္းမႀကီးေဘးတြင္ စြန္႔ပစ္ထားသည့္ ဒိုင္နာယာဥ္ေဟာင္းတစ္စီးအား ဆိုင္ကယ္ျဖင့္ ေနာက္မွဝင္တိုက္မိကာ ေသဆံုးေနသည့္ အမ်ိဳးသား တစ္ဦးကို ရဲတပ္ဖြဲ႕က သတင္းအရ သြားေရာက္စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ေနရာကို ရဲတပ္ဖြဲ႕က စစ္ေဆးၿပီးေနာက္ အေလာင္းကို မုိင္းျဖတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
လမ္းေဘးတြင္ ယာဥ္အိုယာဥ္ေဟာင္းစြန္႔ပစ္ထားသူကို သက္ဆုိင္ရာတာဝန္ရိွသူမ်ားက သိရိွျခင္းမရိွေၾကာင္းႏွင့္ စြန္႔ပစ္ယာဥ္ကို ဝင္တုိက္မိ၍ ေသဆံုးသြားသည့္ အသက္ (၂၈)ႏွစ္အရြယ္ အမည္စံုစမ္းဆဲ အမ်ိဳးသားအား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄ - ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်တွင် ဟိုနားကျေးရွာရှိ ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၀၇)နှင့် (၇၀၈)ကြားတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်သည့် ယာဉ်ကြောဘက်၌ လမ်းမကြီးဘေးတွင် စွန့်ပစ်ထားသည့် ဒိုင်နာယာဉ်ဟောင်းတစ်စီးအား ဆိုင်ကယ်ဖြင့် နောက်မှဝင်တိုက်မိကာ သေဆုံးနေသည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် အလောင်းကို မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လမ်းဘေးတွင် ယာဉ်အိုယာဉ်ဟောင်းစွန့်ပစ်ထားသူကို သက်ဆိုင်ရာတာဝန်ရှိသူများက သိရှိခြင်းမရှိကြောင်းနှင့် စွန့်ပစ်ယာဉ်ကို ဝင်တိုက်မိ၍ သေဆုံးသွားသည့် အသက် (၂၈)နှစ်အရွယ် အမည်စုံစမ်းဆဲ အမျိုးသားအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ - ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့