တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသား(၄)ဦး ႏွင့္ ျမန္မာႏုိင္ငံသားတစ္ဦးထံက စိတ္ၾကြေဆးျပား (၇၅)ျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသား(၄)ဦး ႏွင့္ ျမန္မာႏုိင္ငံသားတစ္ဦးထံက စိတ္ၾကြေဆးျပား (၇၅)ျပား ဖမ္းဆီးရမိ
အောက်တိုဘာ 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္ေက်းရြာအုပ္စု၊ ဝမ္ေက်ာက္လံုေက်းရြာတြင္ ထုိင္းႏုိင္ငံသား (၄)ဦးႏွင့္ ျမန္မာႏုိင္ငံသား(၁)ဦးတုိ႔အား စိတ္ၾကြေဆးျပား (၇၅)ျပား၊ မူးယစ္ေဆးဝါး သံုးစြဲရာ၌ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဝမ္ေက်ာက္လံုေက်းရြာရိွ စိုင္းသန္း၏ေနအိမ္အား မူးယစ္ေဆးသတင္းအရ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲဝန္းက်င္တြင္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ ရွာေဖြရာ ေနအိမ္ပိုင္ရွင္ႏွင့္အတူ ထိုင္းႏုိင္ငံသား (၅)ဦးတို႔ကို မူးယစ္ေဆးဝါးအခ်ိဳ႕ျဖင့္ ဖမ္းဆီး ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံ၊ ခ်င္းမိုင္ခရိုင္မွ အသက္(၂၂)ႏွစ္အရြယ္အမ်ိဳးသမီး Sawitree A Aee၊ အသက္(၃၁)ႏွစ္အရြယ္ အမ်ိဳးသမီး Jutharat Junjaila၊ အသက္(၃၄)ႏွစ္အရြယ္ အမ်ိဳးသား Thump Sai Suphan၊ အသက္ (၃၆)ႏွစ္အရြယ္ အမ်ိဳးသား  Jetsada Inphuk ႏွင့္ ျမန္မာႏိုင္ငံသား အသက္(၃၅)ႏွစ္အရြယ္ စိုင္းသန္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာတွင် ထိုင်းနိုင်ငံသား (၄)ဦးနှင့် မြန်မာနိုင်ငံသား(၁)ဦးတို့အား စိတ်ကြွဆေးပြား (၇၅)ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဝမ်ကျောက်လုံကျေးရွာရှိ စိုင်းသန်း၏နေအိမ်အား မူးယစ်ဆေးသတင်းအရ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲဝန်းကျင်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ရှာဖွေရာ နေအိမ်ပိုင်ရှင်နှင့်အတူ ထိုင်းနိုင်ငံသား (၅)ဦးတို့ကို မူးယစ်ဆေးဝါးအချို့ဖြင့် ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှ အသက်(၂၂)နှစ်အရွယ်အမျိုးသမီး Sawitree A Aee၊ အသက်(၃၁)နှစ်အရွယ် အမျိုးသမီး Jutharat Junjaila၊ အသက်(၃၄)နှစ်အရွယ် အမျိုးသား Thump Sai Suphan၊ အသက် (၃၆)နှစ်အရွယ် အမျိုးသား Jetsada Inphuk နှင့် မြန်မာနိုင်ငံသား အသက်(၃၅)နှစ်အရွယ် စိုင်းသန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~