တာခ်ီလိတ္ၿမိဳ႕ ေဂ်ာပေက်းရြာ၌ ေနအိမ္တြင္းဝင္၍ ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ပစ္ၿပီး ထြက္ေျပးေနသူကို (၃)ရက္ေျမာက္တြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေဂ်ာပေက်းရြာ၌ ေနအိမ္တြင္းဝင္၍ ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ပစ္ၿပီး ထြက္ေျပးေနသူကို (၃)ရက္ေျမာက္တြင္ ဖမ္းဆီးရမိ
နိုဝင်ဘာ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ေဂ်ာပေက်းရြာတြင္ အသက္(၅၀)အရြယ္ အမ်ိဳးသားကို ေနအိမ္တြင္းဝင္၍ ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ပစ္ၿပီး ထြက္ေျပးေနသူကို (၃)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ(၂)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေအာက္တိုဘာလ (၃၁)ရက္ေန႔က (ပ) ၃၇၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ခံထားရၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ ေကမီး(ခ) လီဂ်ဴးကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္ ဦးေဆာင္ၿပီး ၿမိဳ႕မရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ား ႏွင့္ သက္ဆိုင္ရာတာ၀န္ရွိသူတို႔ ပါဝင္သည့္ အဖြဲ႕ျဖင့္ ေဂ်ာပေက်းရြာသို႔ သြားေရာက္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေကမီး(ခ)လီဂ်ဴးကို ၎၏ ေနအိမ္တြင္ သက္ေသခံ တူမီးေသနတ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဂ်ာပေက်းရြာမွ အသက္္ (၅၀)အရြယ္ ဦးအားေရွာကို၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္(၉)နာရီဝန္းက်င္က တစ္ရြာတည္းေန ေကမီး(ခ)လီဂ်ဴးဆိုသူက ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ဦးအားေရွာတြင္ ဒဏ္ရာအျပင္းအထန္ရသြားကာ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာတွင် အသက်(၅၀)အရွယ် အမျိုးသားကို နေအိမ်တွင်းဝင်၍ ဓားဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့်ပစ်ပြီး ထွက်ပြေးနေသူကို (၃)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ နေ့လယ်(၁)နာရီခွဲတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းတွင် အောက်တိုဘာလ (၃၁)ရက်နေ့က (ပ) ၃၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကေမီး(ခ) လီဂျူးကို တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် ဦးဆောင်ပြီး မြို့မရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သက်သေများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ ပါဝင်သည့် အဖွဲ့ဖြင့် ဂျောပကျေးရွာသို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကေမီး(ခ)လီဂျူးကို၎င်း၏ နေအိမ်တွင် သက်သေခံ တူမီးသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျောပကျေးရွာမှ အသက် (၅၀)အရွယ် ဦးအားရှောကို၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က တစ်ရွာတည်းနေ ကေမီး(ခ)လီဂျူးဆိုသူက ဓားဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးအားရှောတွင် ဒဏ်ရာအပြင်းအထန်ရသွားကာ တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~