ခိုးမႈမသကၤာျဖင့္ ရဲတပ္ဖြဲ႕က ေခၚယူ စစ္ေဆးခံရသူ ႏွိပ္စက္ညႇင္းပန္းခံရၿပီး ေသဆံုးသြားသည့္အတြက္ လူ႔အခြင့္အေရးေကာ္မရွင္ စတင္စံုစမ္းေန

ခိုးမႈမသကၤာျဖင့္ ရဲတပ္ဖြဲ႕က ေခၚယူ စစ္ေဆးခံရသူ ႏွိပ္စက္ညႇင္းပန္းခံရၿပီး ေသဆံုးသြားသည့္အတြက္ လူ႔အခြင့္အေရးေကာ္မရွင္ စတင္စံုစမ္းေန
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ခိုးမႈႏွင့္ ပတ္သက္၍ မသကၤာ၍ ရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးစဥ္ ႏွိပ္စက္ညႇင္းပန္းခံရၿပီး ေသဆံုးသြားသည့္ ကိစၥအား ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ စံုစမ္းစစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ပိုင္းခရိုင္၊ သန္လ်င္ၿမိဳ႕မရဲစခန္းတြင္ အငွားယာဥ္ေမာင္းတစ္ဦးျဖစ္သည့္ ေမာင္ေအာင္ေအာင္ကို ခိုးမႈမသကၤာျဖင့္  ဖမ္းဆီးခ်ဳပ္ေႏွာင္ စစ္ေဆးစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားက ညႇင္းပမ္း ႏွိပ္စက္သျဖင့္ တရားရံုးထုတ္ခ်ိန္တြင္ ေသဆံုးသြားေၾကာင္း လူ႔အခြင့္အေရးေကာ္မရွင္သို႔ တုိင္တန္းခ်က္ ေပးပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တုိင္တန္းခ်က္ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕က သန္လ်င္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး၌ အဆိုပါျဖစ္ရပ္အား တုိင္တန္းသူ၊ သက္ေသမ်ားႏွင့္ ေသဆံုးသူ၏ ေဆးမွတ္တမ္း စစ္ေဆးခ်က္နွင့္ ပတ္သက္သည့္ ေဆးစစ္ခ်က္အတြက္ ဆရာဝန္မ်ားအား ေတြ႔ဆံုေမးျမန္းျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုင္တန္းမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ အတြင္းေရးမွဴး ဦးဘုန္းၾကြယ္ ဦးေဆာင္သည့္အဖြဲ႕က စစ္ေဆးေနေၾကာင္းသိၿပီး စံုစမ္းေတြ႔ရိွမႈမ်ားအား ထုတ္ျပန္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံသားတစ္ဦး၏ မူလအခြင့္အေရးမ်ား ေဖာက္ဖ်က္ခံရျခင္း၊ ကမၻာ့လူ႔အခြင့္အေရးေၾကညာစာတမ္းပါ အခြင့္အေရးမ်ား ေဖာက္ဖ်က္ခံရျခင္း၊ ႏိုင္ငံေတာ္က လက္ခံထားသည့္ လူ႔အခြင့္အေရးႏွင့္သက္ဆုိင္သည့္ အျပည္ျပည္ဆုိင္ရာ ကြန္ဗင္းရွင္းမ်ားပါ လူ႔အခြင့္အေရးမ်ား ေဖာက္ဖ်က္ခံရျခင္းမ်ားရိွပါက ဥကၠဌ၊ ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္၊ အမွတ္(၂၇)၊ ျပည္လမ္း၊ လိႈင္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕သို႔ လိပ္မူ၍ မွတ္ပံုတင္စာျဖင့္ျဖစ္ေစ၊ လူကိုယ္တုိင္ျဖစ္ေစ အခ်က္အလက္ျပည့္စံုစြာဖင့္ တုိင္ၾကားႏိုင္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ တုိင္ၾကားမႈမ်ားအတြက္ တိုင္တန္းသူမ်ားအား လက္တုန္႔ျပန္မႈ မခံရေစေရးအတြက္ ေကာ္မရွင္ဥပေဒပုဒ္မ ၃၈ အရ အကာအကြယ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ါတ္ပံု - MHRC


~~~~~~~~⊰❂ unicode ~~~~~~~~

ခိုးမှုနှင့် ပတ်သက်၍ မသင်္ကာ၍ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးစဉ် နှိပ်စက်ညှင်းပန်းခံရပြီး သေဆုံးသွားသည့် ကိစ္စအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၀)နာရီတွင် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မရဲစခန်းတွင် အငှါးယာဉ်မောင်းတစ်ဦးဖြစ်သည့် မောင်အောင်အောင်ကို ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးချုပ်နှောင် စစ်ဆေးစဉ် ရဲတပ်ဖွဲ့ဝင်များက ညှင်းပမ်း နှိပ်စက်သဖြင့် တရားရုံးထုတ်ချိန်တွင် သေဆုံးသွားကြောင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက် ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါဖြစ်ရပ်အား တိုင်တန်းသူ၊ သက်သေများနှင့် သေဆုံးသူ၏ ဆေးမှတ်တမ်း စစ်ဆေးချက်နှင့် ပတ်သက်သည့် ဆေးစစ်ချက်အတွက် ဆရာဝန်များအား တွေ့ဆုံမေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ် ဦးဆောင်သည့်အဖွဲ့က စစ်ဆေးနေကြောင်းသိပြီး စုံစမ်းတွေ့ရှိမှုများအား ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတစ်ဦး၏ မူလအခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများပါ လူ့အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်းများရှိပါက ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချက်အလက်ပြည့်စုံစွာဖင့် တိုင်ကြားနိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုင်ကြားမှုများအတွက် တိုင်တန်းသူများအား လက်တုန့်ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ အရ အကာအကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MHRC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~