ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ ဟိုနားေက်းရြာရိွ က်ိဳင္းတံု - မုိင္းျဖတ္လမ္းတြင္ လမ္းေဘးရပ္ထားသည့္ ေမာ္ေတာ္ယာဥ္ကို ဝင္တိုက္မိၿပီး လဲက်သြားသည့္ ဆုိင္ကယ္ေမာင္းသူကို ေနာက္မွ ေမာင္းႏွင္လာသည့္ ဒိုင္နာယာဥ္က ဝင္တုိက္မိသျဖင့္ ဆုိင္ကယ္ေမာင္းသူ ဒဏ္ရာရ သြားေၾကာင္း သိရသည္။
၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၂)ရက္ေန႔ ေန႔လယ္ (၂)နာရီေက်ာ္က က်ိဳင္းတံု - မုိင္းျဖတ္လမ္း ျပည္ေထာင္စုလမ္းမႀကီးေဘး စားေသာက္ဆိုင္တြင္ ထမင္းစားရန္ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္၏ ေနာက္ပိုင္းကို မိုင္းျဖတ္ဘက္မွ က်ိဳင္းတံုဘက္သို႔ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္က ဝင္တိုက္မိၿပီး လဲက်သြားစဥ္ လားရာတူ အေနာက္မွ ေမာင္းႏွင္လာသည့္ ဒိုင္နာယာဥ္က ဝင္တုိက္မိသျဖင့္ ဆိုင္ကယ္ေမာင္းသူ မ်ိဳးဝင္းေဌးမွာ ဒဏ္ရာရသြားေၾကာင္း သိရသည္။
ဒဏ္ရာရသြားသူကို က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး အဆိုပါယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ဆိုင္ကယ္ေမာင္းသူ မ်ိဳးဝင္းေဌးႏွင့္ ဒိုင္နာယာဥ္ေမာင္း စိုင္းေက်ာက္တို႔အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၁၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/ ၃၃၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
Tachileik News Agency
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့ နေ့လယ် (၂)နာရီကျော်က ကျိုင်းတုံ - မိုင်းဖြတ်လမ်း ပြည်ထောင်စုလမ်းမကြီးဘေး စားသောက်ဆိုင်တွင် ထမင်းစားရန် ရပ်ထားသည့် မော်တော်ယာဉ်၏ နောက်ပိုင်းကို မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်က ဝင်တိုက်မိပြီး လဲကျသွားစဉ် လားရာတူ အနောက်မှ မောင်းနှင်လာသည့် ဒိုင်နာယာဉ်က ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ မျိုးဝင်းဌေးမှာ ဒဏ်ရာရသွားကြောင်း သိရသည်။
ဒဏ်ရာရသွားသူကို ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းသူ မျိုးဝင်းဌေးနှင့် ဒိုင်နာယာဉ်မောင်း စိုင်းကျောက်တို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency