တာချီလိတ်သို့ တရားမဝင် ခိုးဝင်လာသဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

တာချီလိတ်သို့ တရားမဝင် ခိုးဝင်လာသဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
ဒီဇငျဘာ 7, 2018
By Tachileik News Agency


ထိုင်းနိုင်ငံသား Phanom Phayuha ကို ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက် (၄)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ တစ်ဆင့် မကာဟိုခမ်းရပ်ကွက်အနီး မယ်ဆိုင်ချောင်းကို ဖြတ်ကူး၍ တရားမဝင် ဝင်ရောက်လာခြဲ့ခင်ြး ဖစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ တရားမဝင် ဖြတ်ကျော် ဝင်ရောက်မှုသဖြင့် ကျိုင်းတုံ အကျဉ်းထောင်တွင် အလုပ်နှင့် ထောင်ဒဏ်(၆)လ ကျခံနေရသည့် ထိုင်းနိုင်ငံသားကို ပြစ်ဒဏ်ရက်စေ့သဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား Phanom Phayuha ကို ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက် (၄)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၎င်းသည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ တစ်ဆင့် မကာဟိုခမ်းရပ်ကွက်အနီး မယ်ဆိုင်ချောင်းကို ဖြတ်ကူး၍ တရားမဝင် ဝင်ရောက်လာခြဲ့ခင်းြ ဖစ်ကြောင်း သိရသည်။

၎င်းသည် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် (၆)လချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~