တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးသတင္းအရ ဝင္ေရာက္ရွာေဖြရာမွ လက္နက္ခဲယမ္းသယ္ေဆာင္လာသူကို ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးသတင္းအရ ဝင္ေရာက္ရွာေဖြရာမွ လက္နက္ခဲယမ္းသယ္ေဆာင္လာသူကို ဖမ္းမိ
ဇန်နဝါရီ 4, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးေရာင္းခ်သည္ဟု သတင္းရသည့္ ရာဘာၿခံအတြင္း ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၄)ရက္ေန႔ ေန႔လယ္ (၂)နာရီအခ်ိန္က ဝင္ေရာက္ဖမ္းဆီးရာ တရားမဝင္ လက္နက္ခဲယမ္းမ်ားအား လက္ဝယ္ကိုင္ေဆာင္အသံုးျပဳသူအား ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

မူးယစ္ေဆးဖမ္းဆီးရမိမႈမွ ကြင္းဆက္ေဖၚထုတ္ခ်က္အရ မူးယစ္ေဆးေရာင္းခ်သည္ဟု သတင္းရသည့္ တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္းေဘး၊ စန္းလုရြာအနီးရိွ ေရာ္ဘာၿခံအတြင္း ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ေရာ္ဘာၿခံဘက္မွ ကားလမ္းမဘက္သို႔ ဆုိင္ကယ္ ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးက ဆိုင္ကယ္ကိုရပ္တန္႔ၿပီး ထြက္ေျပးရန္ ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားအား ထြက္ေျပးရန္ႀကိဳးစားသည့္ အုိက္န(ခ)အားနအား တားဆီးႏုိင္ခဲ့ၿပီး ၎၏ဆုိင္ကယ္ထုိင္ခံုေအာက္မွ (.45) က်ည္ (၇)ေတာင့္ထည့္ထားသည့္ ပစၥတုိေသနတ္တစ္လက္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသည့္ အိုက္န (ခ) အားနအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၆/၂၀၁၉၊ ၁၉၂၄ ခုႏွစ္၊ ရွမ္းျပည္နယ္လက္နက္အမိန္႔အပိုဒ္ ၁၂ (က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းသယ်ဆောင်လာသူကို ဖမ်းမိ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးရောင်းချသည်ဟု သတင်းရသည့် ရာဘာခြံအတွင်း ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် လက်နက်ခဲယမ်းများအား လက်ဝယ်ကိုင်ဆောင်အသုံးပြုသူအား ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မူးယစ်ဆေးဖမ်းဆီးရမိမှုမှ ကွင်းဆက်ဖေါ်ထုတ်ချက်အရ မူးယစ်ဆေးရောင်းချသည်ဟု သတင်းရသည့် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်ကားလမ်းဘေး၊ စန်းလုရွာအနီးရှိ ရော်ဘာခြံအတွင်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ရော်ဘာခြံဘက်မှ ကားလမ်းမဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားတစ်ဦးက ဆိုင်ကယ်ကိုရပ်တန့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား ထွက်ပြေးရန်ကြိုးစားသည့် အိုက်န(ခ)အားနအား တားဆီးနိုင်ခဲ့ပြီး ၎င်း၏ဆိုင်ကယ်ထိုင်ခုံအောက်မှ (.45) ကျည် (၇)တောင့်ထည့်ထားသည့် ပစ္စတိုသေနတ်တစ်လက်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် အိုက်န (ခ) အားနအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆/၂၀၁၉၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂ (က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~