ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္အတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၆)ရက္ေန႔ ေန႔လယ္ (၁၂)နာရီက ရဲတပ္ဖြဲ႕က မသကၤာသည့္ လူငယ္တစ္ဦးအား ရွာေဖြစစ္ေဆးရာ စိတ္ၾကြေဆးျပား (၁၂၀)ျပားကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသအျဖစ္ ဝမ္ေကာင္းရပ္ကြက္ ျပည္သူ႔စစ္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဆန္ဆုိင္း(ခ)ရပ္ကြက္ (၅)လမ္းတြင္ မသကၤာဖြယ္ေတြ႔ရသည့္ အသက္ (၂၁)ႏွစ္အရြယ္ ေျပဟိန္းလင္းဆိုသူအား ရွာေဖြရာ ၎၏ အက်ႌအိတ္အတြင္းမွ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၁၂၀)ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေျပဟိန္းလင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၅/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕
တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေအဖြစ် ဝမ်ကောင်းရပ်ကွက် ပြည်သူ့စစ်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက် (၅)လမ်းတွင် မသင်္ကာဖွယ်တွေ့ရသည့် အသက် (၂၁)နှစ်အရွယ် ပြေဟိန်းလင်းဆိုသူအား ရှာဖွေရာ၎င်း၏ အင်္ကျီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၂၀)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ပြေဟိန်းလင်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့