တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္န၀ါရီလအတြင္း ဒုတိယေျမာက္အျဖစ္ အမ်ဳိးသမီးတစ္ဦး ႀကိဳးဆြဲခ် ေသဆံုး

တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္န၀ါရီလအတြင္း ဒုတိယေျမာက္အျဖစ္ အမ်ဳိးသမီးတစ္ဦး ႀကိဳးဆြဲခ် ေသဆံုး
ဇန်နဝါရီ 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္၏ ပထမလအတြင္း ဒုတိယေျမာက္ ႀကိဳးဆြဲခ် ေသဆံုးမႈအျဖစ္ ဆန္ဆိုင္း(ခ)ရပ္ကြက္၌ အသက္(၂၂)ႏွစ္အရြယ္ အမ်ဳိးသမီး ႀကိဳးဆြဲခ်ေသဆံုးမႈ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၁)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ေနအိမ္လိုင္းခန္းငွားတြင္ ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴဳးမ်ဳိးခိုင္ႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ စစ္ေဆးရာ ေသဆံုးသူမွာ အသက္(၂၂)ႏွစ္ရွိ မနန္းေဖာင္းႏြန္း ဆိုသည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ ေသဆံုးသူ၏ သူငယ္ခ်င္းအား ေမးျမန္းရာတြင္ ေသဆံုးသြားသူသည္ ရည္းစားျဖစ္သူႏွင့္ စကားမ်ားထား၍ စိတ္ညစ္ေနေၾကာင္းကို မေသဆံုးမီက သူငယ္ခ်င္းျဖစ္သူအား ေျပာျပခဲ့ေၾကာင္းအား ရဲတပ္ဖြ႔ဲ၏ စစ္ေဆးခ်က္အရ သိရသည္။

ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ကူညီသယ္ယူကာ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ႏွင့္ ေသဆံုးမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၂/၂၀၁၉ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ ၂၀၁၉ခုႏွစ္အတြင္း ပထမဆံုး ႀကိဳးဆြဲခ်ေသဆံုးမႈအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္။ မိုင္းကိုးေက်းရြာအုပ္စု၊ မေနာ္ေက်းရြာႏွင့္ ပန္ဟတ္ေက်းရြာၾကား ကားလမ္းေဘး လယ္ကြင္းအနီးရိွ ဝါးရံုပင္ၾကား  ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ်၏ ပထမလအတွင်း ဒုတိယမြောက် ကြိုးဆွဲချ သေဆုံးမှုအဖြစ် ဆန်ဆိုင်း(ခ)ရပ်ကွက်၌ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး ကြိုးဆွဲချသေဆုံးမှု ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းငှါးတွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှုူးမျိုးခိုင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အသက်(၂၂)နှစ်ရှိ မနန်းဖောင်းနွန်း ဆိုသည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ သူငယ်ချင်းအား မေးမြန်းရာတွင် သေဆုံးသွားသူသည် ရည်းစားဖြစ်သူနှင့် စကားများထား၍ စိတ်ညစ်နေကြောင်းကို မသေဆုံးမီက သူငယ်ချင်းဖြစ်သူအား ပြောပြခဲ့ကြောင်းအား ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ ကူညီသယ်ယူကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၉ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်တွင် ၂၀၁၉ခုနှစ်အတွင်း ပထမဆုံး ကြိုးဆွဲချသေဆုံးမှုအဖြစ် တာချီလိတ်မြို့နယ်။ မိုင်းကိုးကျေးရွာအုပ်စု၊ မနော်ကျေးရွာနှင့် ပန်ဟတ်ကျေးရွာကြား ကားလမ်းဘေး လယ်ကွင်းအနီးရှိ ဝါးရုံပင်ကြား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~