ျမန္မာ - လာအိုနယ္စပ္ေဒသ က်ဳိင္းလပ္ၿမိဳ႕မွ လူဦးေရ (၁၀၀၀) NLD ပါတီသို႔ ၀င္ေရာက္လာသည့္အတြက္ NLD ဗဟို ဒုဥကၠဌ ႏွင့္ အဖြဲ႔ တက္ေရာက္ကာ ပါတီ၀င္ကဒ္ျပားမ်ား ေပးအပ္

ျမန္မာ - လာအိုနယ္စပ္ေဒသ က်ဳိင္းလပ္ၿမိဳ႕မွ လူဦးေရ (၁၀၀၀) NLD ပါတီသို႔ ၀င္ေရာက္လာသည့္အတြက္ NLD ဗဟို ဒုဥကၠဌ ႏွင့္ အဖြဲ႔ တက္ေရာက္ကာ ပါတီ၀င္ကဒ္ျပားမ်ား ေပးအပ္
ဇန်နဝါရီ 19, 2019
By Tachileik News Agency

ျမန္မာ - လာအိုနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕တြင္ လူဦးေရ(၁,၀၀၀) NLD ပါတီသို႔ ၀င္ေရာက္လာသည့္အတြက္  ပါတီ၀င္ကဒ္ ေပးအပ္ျခင္းႏွင့္အတူ ပါတီ၀င္ အဆိုျပဳလႊာ ေပးအပ္ပြဲကို  ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၉)ရက္ေန႔ နံနက္က က်ဳိင္းလပ္ၿမိဳ႕ရွိ ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတား အနီး  ကြင္းျပင္တြင္ က်င္းပျပဳလုပ္ရာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟို ဒုတိယ ဥကၠဌ ( မႏၱေလးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္) ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွင့္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

အဆိုပါ အခမ္းအနားသို႔  အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟို ဒုတိယ ဥကၠဌ ( မႏၱေလးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္) ေဒါက္တာေဇာ္ျမင့္ေမာင္၊ ရွမ္းၿပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းၿပည္နယ္ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ရွမ္းၿပည္နယ္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈ၀န္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔၀င္(ၿပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္) ဦးေအာင္စိုး၊ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔၀င္(မႏၱေလးတိုင္းေဒသႀကီး ဥကၠဌ) ဦးတင္ထြဋ္ဦး၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ရွမ္းၿပည္နယ္ ဥကၠဌ(အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္) ဦးေဇာ္မင္းလတ္၊ ရွမ္းၿပည္နယ္အေရွ႕ပိုင္း ဥကၠဌ ဦးစိုင္းဆိုင္တြီ ႏွင့္  လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း အတြင္းမွ NLD ပါတီ၀င္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အခမ္းအနားတြင္ က်ဳိင္းလပ္ၿမိဳ႕တြင္းမွ ရွမ္း။ အာခါ။ လားဟူႏွင့္ တိုင္းရင္းသားအကအဖြဲ႕ (၉)ဖြဲ႕မွ ႐ိုးရာအကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၿပီး တက္ေရာက္လာသည့္ အစိုးအဖြဲ႕ဝင္မ်ား။ NLD လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား။ NLD ပါတီဝင္မ်ားႏွင့္ ဝန္းရံျပည္သူမ်ားက အကအဖြဲ႕မ်ားကို ဆုေငြခ်ီးျမႇင့္ခဲ့ၾကသည္။

ပါတီ၀င္ကဒ္ျပားမ်ား ေပးအပ္ပြဲအၿပီးတြင္ က်ဳိင္းလပ္ေဒသခံမ်ား ေတြ႔ႀကံဳခံစားေနရသည့္ အခက္အခဲမ်ား ကို ေျပာဆိုခြင့္ေပးခဲ့ၿပီး တင္ျပလာမူမ်ားကို ျပည္နယ္အစိုးအဖြဲ႕သို႔ တင္ျပရန္မ်ားႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕သို တင္ျပရမည့္ အေၾကာင္းအရာမ်ားကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟို ဒုတိယ ဥကၠဌ ( မႏၱေလးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္) ေဒါက္တာေဇာ္ျမင့္ေမာင္က ရွင္းျပေျပာဆိုခဲ့ၿပီး ေဒသခံမ်ား၏ တိုင္ၾကားစာမ်ားကို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဠ္က လက္ခံရယူသြားခဲ့သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - လာအိုနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် လူဦးရေ(၁,ဝဝဝ) NLD ပါတီသို့ ဝင်ရောက်လာသည့်အတွက် ပါတီဝင်ကဒ် ပေးအပ်ခြင်းနှင့်အတူ ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်က ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအို ချစ်ကြည်ရေးတံတား အနီး ကွင်းပြင်တွင် ကျင်းပပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဒုတိယ ဥက္ကဌ ( မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်) ဒေါက်တာဇော်မြင့်မောင် နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဒုတိယ ဥက္ကဌ ( မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) ဒေါက်တာဇော်မြင့်မောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးအောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(မန္တလေးတိုင်းဒေသကြီး ဥက္ကဌ) ဦးတင်ထွဋ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ဥက္ကဌ(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးဇော်မင်းလတ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဥက္ကဌ ဦးစိုင်းဆိုင်တွီ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အတွင်းမှ NLD ပါတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ကျိုင်းလပ်မြို့တွင်းမှ ရှမ်း။ အာခါ။ လားဟူနှင့် တိုင်းရင်းသားအကအဖွဲ့ (၉)ဖွဲ့မှ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ပြီး တက်ရောက်လာသည့် အစိုးအဖွဲ့ဝင်များ။ NLD လွှတ်တော် ကိုယ်စားလှယ်များ။ NLD ပါတီဝင်များနှင့် ဝန်းရံပြည်သူများက အကအဖွဲ့များကို ဆုငွေချီးမြှင့်ခဲ့ကြသည်။

ပါတီဝင်ကဒ်ပြားများ ပေးအပ်ပွဲအပြီးတွင် ကျိုင်းလပ်ဒေသခံများ တွေ့ကြုံခံစားနေရသည့် အခက်အခဲများ ကို ပြောဆိုခွင့်ပေးခဲ့ပြီး တင်ပြလာမူများကို ပြည်နယ်အစိုးအဖွဲ့သို့ တင်ပြရန်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို တင်ပြရမည့် အကြောင်းအရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဒုတိယ ဥက္ကဌ ( မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) ဒေါက်တာဇော်မြင့်မောင်က ရှင်းပြပြောဆိုခဲ့ပြီး ဒေသခံများ၏ တိုင်ကြားစာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဠ်က လက်ခံရယူသွားခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~