အုတ္ထုတ္လုပ္ငန္းလုိင္စင္အတြက္ ေငြေၾကးရယူေဆာင္ရြက္ေပးခဲ့သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ လယ္စီမွ လက္ေထာက္ဦးစီးမွဴးတုိ႔ကို အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္

အုတ္ထုတ္လုပ္ငန္းလုိင္စင္အတြက္ ေငြေၾကးရယူေဆာင္ရြက္ေပးခဲ့သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ လယ္စီမွ လက္ေထာက္ဦးစီးမွဴးတုိ႔ကို အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္
ဇန်နဝါရီ 24, 2019
By Tachileik News Agency

ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္တြင္ အုတ္ထုတ္လုပ္ငန္း လုိင္စင္ျပဳလုပ္ရာတြင္ ေငြေၾကး ရယူေဆာင္ရြက္ေပးသည္ဟုဆိုကာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန လက္ေထာက္ဦးစီးမွဴးတို႔ကို အဂတိလုိက္စားမႈ တုိက္ဖ်က္ေရး ဥပေဒျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၄)ရက္ေန႔တြင္ အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

သဲကုန္းၿမိဳ႕နယ္၊ အင္းမၿမိဳ႕၊ သီရိကန္သာရပ္ကြက္ရွိ အုတ္လုပ္ငန္းရွင္မ်ားထံမွ အုတ္ထုတ္လုပ္မႈအတြက္ ေငြမ်ား ေကာက္ယူၿပီး လိုင္စင္ထုတ္မေပးဘဲ ကိုယ္က်ိဳးရယူသုံးစြဲေနသည့္ သဲကုန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးလြင္မင္းအား အေရးယူေပးရန္ ေကာ္မရွင္သို႔ တုိင္ၾကားလာသျဖင့္ စံုစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ - ၂၀၁၈ ခုႏွစ္အတြင္း ဓါတ္သတၱဳထုတ္လုပ္ခြင့္ လုပ္ငန္းလိုင္စင္ ျပဳလုပ္ရန္ အတြက္ ေျမစာရင္းပုံစံ(၁၀၅)/(၁၀၆) ရရွိေရး ေဆာင္ရြက္ရာတြင္ သဲကုန္းၿမိဳ႕နယ္ လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွ လက္ေထာက္ဦးစီးမွဴး ဦးခင္ေဇာ္သည္ ဥပေဒႏွင့္အညီ ရထိုက္ခြင့္မရွိေသာ ေငြ က်ပ္  (၆၅၀,၀၀ဝ) ကို လက္ခံရယူခဲ့ျခင္း၊ ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးလြင္မင္းသည္ ေျမနီလုပ္ငန္းရွင္ထံမွ ေငြက်ပ္ (၃၇) သိန္းကို လက္ခံရယူခဲ့ျခင္းႏွင့္ ၂၀၁၇-၂၀၁၈ အုတ္ဖုတ္ရာသီအတြင္း လိုင္စင္ေလွ်ာက္ထားသူ လုပ္ငန္းရွင္မ်ားထံမွ ဓါတ္သတၱဳခြန္ အျဖစ္ ဥပေဒႏွင့္အညီ ရထိုက္ခြင့္မရွိေသာ ေငြက်ပ္  ( ၂,၂၄၄,၀၀ဝ ) ကိုရယူခဲ့ျခင္း၊ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းသာလွသည္ ၂၀၁၇ -၂၀၁၈ အုတ္ဖုတ္ရာသီအတြင္း လိုင္စင္ေလွ်ာက္ထားသူ လုပ္ငန္းရွင္မ်ားထံမွ ေကာက္ခံရရွိေငြမ်ားအနက္ ေငြက်ပ္(၈)သိန္းႏွင့္ ၂၀၁၈ ခုႏွစ္အတြင္း ကြင္းဆင္း ေကာက္ခံရာမွ ရရွိ ေငြက်ပ္ (၄)သိန္းတို႔အား ရယူခဲ့ျခင္းတို႔ကို စစ္ေဆး ေတြ႔ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားၾကျခင္း ျဖစ္သျဖင့္ ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးလြင္မင္း၊ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းသာလွႏွင့္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွ လက္ေထာက္ဦးစီးမွဴး ဦးခင္ေဇာ္တို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ အရ သဲကုန္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားစာမ်ားေပးပို႔လိုပါက သက္ေသ အေထာက္အထားမ်ားႏွင့္အတူ ေကာ္မရွင္ရံုးသို႔ ေပးပို႔တုိင္ၾကားႏုိင္သည့္အျပင္ အီလက္ထေရာနစ္ စနစ္မွတဆင့္ တိုင္ၾကားစာ ေပးပို႔နိုင္ရန္အတြက္ ေကာ္မရွင္၏ Website ( www.accm.gov.mm ) တြင္ "တိုင္ၾကားစာေပးပို႔ရန္" က႑အား ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁)ရက္ေန႔ကတည္းက စမ္းသပ္ လႊင့္တင္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေကာ္မရွင္သို႔ တိုင္ၾကားစာေပးပို႔ရာတြင္ အခက္အခဲျဖစ္ေပၚပါက 067-8103370 သို႔ ဆက္သြယ္ ေမးျမန္း နိုင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် အုတ်ထုတ်လုပ်ငန်း လိုင်စင်ပြုလုပ်ရာတွင် ငွေကြေး ရယူဆောင်ရွက်ပေးသည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒဖြေင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ အုတ်လုပ်ငန်းရှင်များထံမှ အုတ်ထုတ်လုပ်မှုအတွက် ငွေများ ကောက်ယူပြီး လိုင်စင်ထုတ်မပေးဘဲ ကိုယ်ကျိုးရယူသုံးစွဲနေသည့် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းအား အရေးယူပေးရန် ကော်မရှင်သို့ တိုင်ကြားလာသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်း ဓာတ်သတ္တုထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ရန် အတွက် မြေစာရင်းပုံစံ(၁၀၅)/(၁၀၆) ရရှိရေး ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်သည် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေ ကျပ် (၆၅၀,ဝဝဝ) ကို လက်ခံရယူခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းသည် မြေနီလုပ်ငန်းရှင်ထံမှ ငွေကျပ် (၃၇) သိန်းကို လက်ခံရယူခဲ့ခြင်းနှင့် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ဓာတ်သတ္တုခွန် အဖြစ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ( ၂,၂၄၄,ဝဝဝ ) ကိုရယူခဲ့ခြင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှသည် ၂၀၁၇ -၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိငွေများအနက် ငွေကျပ်(၈)သိန်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်း ကောက်ခံရာမှ ရရှိ ငွေကျပ် (၄)သိန်းတို့အား ရယူခဲ့ခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားကြခြင်း ဖြစ်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ သဲကုန်းမြို့မရဲစခန်းတွင်အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာများပေးပို့လိုပါက သက်သေ အထောက်အထားများနှင့်အတူ ကော်မရှင်ရုံးသို့ ပေးပို့တိုင်ကြားနိုင်သည့်အပြင် အီလက်ထရောနစ် စနစ်မှတဆင့် တိုင်ကြားစာ ပေးပို့နိုင်ရန်အတွက် ကော်မရှင်၏ Website ( www.accm.gov.mm ) တွင် "တိုင်ကြားစာပေးပို့ရန်" ကဏ္ဍအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ကတည်းက စမ်းသပ် လွှင့်တင်ထားပြီးဖြစ်ကြောင်း သိရသည်။

ကော်မရှင်သို့ တိုင်ကြားစာပေးပို့ရာတွင် အခက်အခဲဖြစ်ပေါ်ပါက 067-8103370 သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~