ျမန္မာ - ထုိင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္းအခ်ိန္ႏွင့္ ေန႔လယ္ပိုင္းအခ်ိန္ အတြင္း ၿမိဳ႕လယ္၌ ေသနတ္ပစ္ခတ္မႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ၿပီး တရားခံမ်ား လြတ္ေျမာက္ေနဆဲျဖစ္သျဖင့္ တရားခံမ်ား ဖမ္းဆီးရမိေရးႏွင့္အတူ လံုၿခံဳေရးကို တိုးျမင့္ေဆာင္ရြက္ေနရေၾကာင္း သိရသည္။
“ကၽြန္ေတာ္တုိ႔ ဒီဟာမျဖစ္ခင္ကလည္း ကၽြန္ေတာ္တုိ႔ လုပ္ရမယ့္ လံုၿခံဳေရးလုပ္ငန္းေတြ လုပ္ေနပါတယ္။ ဒီကိစၥျဖစ္တဲ့ အတြက္ ပံုမွန္လုပ္ေနတာေတြအျပင္ ခါတုိင္းထက္ပိုၿပီး အခ်ိန္ေရာ၊ လုပ္ေဆာင္ခ်က္ေတြေရာ ထပ္တိုးလုပ္ေဆာင္ေနတာ။ ေတြ႔တဲ့ျမင္တဲ့သူေတြအေနနဲ႔လည္း ဒီလိုမႈခင္းျဖစ္ရပ္ေတြနဲ႔ပတ္သက္လို႔ အေထာက္အကူျဖစ္ေစႏုိင္တာေတြ ရထားရင္ ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္း ေဆာင္ရြက္ေစခ်င္တယ္။ ဒီလိုအခ်က္ အလက္ေတြ ရထားရင္ အြန္လုိင္းမွာ တင္လုိက္တာမ်ိဳးက တစ္ဖက္က အေထာက္အကူ ျဖစ္ေစသလို တစ္ဖက္ကလည္း တရားခံအေနနဲ႔ သူတုိ႔နဲ႔ပတ္သက္လုိ႔ ဘာေတြရထားတယ္ဆိုတာသိသြားၿပီး ေျခရာေဖ်ာက္ဖို႔ ပိုလြယ္တာမ်ိဳးေတြ ျဖစ္ေစတာေပါ့။ ဒါမ်ိဳး အခ်က္အလက္ေတြရရင္ ရဲတပ္ဖြဲ႕ဆီပို႔ေပးရင္ ပိုၿပီးေကာင္းတာေပါ့။ ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေပါ့။ ေတြ႕တဲ့ျမင္တဲ့သူေတြက ဒါေလးကို ဓာတ္ပံုေလးျဖစ္ျဖစ္၊ မ်က္ႏွာခ်င္းဆိုင္လာတဲ့ ကားတို႔၊ ေနာက္ကလာတဲ့ကားတို႔ေပါ့ ကင္မရာပါလို႔ရိွရင္ ဒါေလးေတြကို ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းႏိုင္ရင္ေကာင္းတာေပါ့”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ေပၚထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၉)ရက္ေန႔ ညပိုင္းက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕မွ အထင္ကရလုပ္ငန္းရွင္ တစ္ဦးျဖစ္သည့္ ဦးအားဖာသည္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၉)ရက္ေန႔ ေန႔လယ္(၁၂)နာရီ (၄၅)မိနစ္၀န္းက်င္က အာခါေစ်းေရွ႕မီးပိြဳင့္တြင္ မီးနီသျဖင့္ ယာဥ္ရပ္ထားၿပီး ေစာင့္ဆုိင္းေနစဥ္ ဆိုင္ကယ္စီး အမ်ိဳးသား (၂)ဦးက ေသနတ္ျဖင့္ (၅)ခ်က္ထက္ မနည္း ပစ္ခတ္သြားသျဖင့္ ဦးအားဖာမွာ ေသဆံုးသြားခဲ့ျခင္းျဖစ္ၿပီး ဇန္န၀ါရီလ (၂၁) ရက္ေန႔ ၊ နံနက္ (၁) နာရီဝန္းက်င္ အခ်ိန္ခန္႔ကလည္း ၿမိဳ႕တြင္း စားေသာက္ဆိုင္တစ္ခုတြင္ လူခ်င္းဝင္တိုက္မိရာမွ အခ်င္းမ်ားၿပီး ေသနတ္ျဖင့္ပစ္ခတ္သျဖင့္ လူငယ္တစ္ဦးဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္။
“ကြၽန္ေတာ္ ၾကားရံု ၾကားခဲ့ဖူးတဲ့ လြန္ခဲ့တဲ့ ႏွစ္သံုးဆယ္က တာခ်ီလိတ္ပံုစံမ်ိဳး ျပန္ျဖစ္လာတယ္ ထင္တယ္။ စားသတိ၊ သြားသတိဆိုတာထက္ စားလည္းေၾကာက္၊ သြားလည္းေၾကာက္ အျဖစ္ေရာက္ေနသလိုပါပဲ၊ ေတာ္ၾကာလူမွားလုပ္ခံေနရင္ ခက္ဦးမယ္၊ တာခ်ီလိတ္မွာက ေသနတ္ေတြက ေပါက ေပါနဲ႔ဗ်ာ”ဟု တာခ်ီလိတ္ၿမိဳ႕ခံ လူငယ္တစ္ဦးက ေျပာသည္။
ဇန္နဝါရီလ (၂၁)ရက္ေန႔က ပစ္ခတ္မႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၁/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး ဇန္နဝါရီလ (၂၉)ရက္ေန႔က ပစ္ခတ္မႈကို (ပ)၅၀/၂၀၁၉ ရာဇသတ္ႀကီးပုုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္ကာ ေသနတ္သမားမ်ားကို ဖမ္းဆီးရမိေရး ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မ်ားက ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
“ကျွန်တော်တို့ ဒီဟာမဖြစ်ခင်ကလည်း ကျွန်တော်တို့ လုပ်ရမယ့် လုံခြုံရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒီကိစ္စဖြစ်တဲ့ အတွက် ပုံမှန်လုပ်နေတာတွေအပြင် ခါတိုင်းထက်ပိုပြီး အချိန်ရော၊ လုပ်ဆောင်ချက်တွေရော ထပ်တိုးလုပ်ဆောင်နေတာ။ တွေ့တဲ့မြင်တဲ့သူတွေအနေနဲ့လည်း ဒီလိုမှုခင်းဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အထောက်အကူဖြစ်စေနိုင်တာတွေ ရထားရင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်စေချင်တယ်။ ဒီလိုအချက် အလက်တွေ ရထားရင် အွန်လိုင်းမှာ တင်လိုက်တာမျိုးက တစ်ဖက်က အထောက်အကူ ဖြစ်စေသလို တစ်ဖက်ကလည်း တရားခံအနေနဲ့ သူတို့နဲ့ပတ်သက်လို့ ဘာတွေရထားတယ်ဆိုတာသိသွားပြီး ခြေရာဖျောက်ဖို့ ပိုလွယ်တာမျိုးတွေ ဖြစ်စေတာပေါ့။ ဒါမျိုး အချက်အလက်တွေရရင် ရဲတပ်ဖွဲ့ဆီပို့ပေးရင် ပိုပြီးကောင်းတာပေါ့။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့။ တွေ့တဲ့မြင်တဲ့သူတွေက ဒါလေးကို ဓာတ်ပုံလေးဖြစ်ဖြစ်၊ မျက်နှာချင်းဆိုင်လာတဲ့ ကားတို့၊ နောက်ကလာတဲ့ကားတို့ပေါ့ ကင်မရာပါလို့ရှိရင် ဒါလေးတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းနိုင်ရင်ကောင်းတာပေါ့”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၉)ရက်နေ့ ညပိုင်းက ပြောသည်။
တာချီလိတ်မြို့မှ အထင်ကရလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအားဖာသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ နေ့လယ်(၁၂)နာရီ (၄၅)မိနစ်ဝန်းကျင်က အာခါဈေးရှေ့မီးပွိုင့်တွင် မီးနီသဖြင့် ယာဉ်ရပ်ထားပြီး စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီး အမျိုးသား (၂)ဦးက သေနတ်ဖြင့် (၅)ချက်ထက် မနည်း ပစ်ခတ်သွားသဖြင့် ဦးအားဖာမှာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၂၁) ရက်နေ့၊ နံနက် (၁) နာရီဝန်းကျင် အချိန်ခန့်ကလည်း မြို့တွင်း စားသောက်ဆိုင်တစ်ခုတွင် လူချင်းဝင်တိုက်မိရာမှ အချင်းများပြီး သေနတ်ဖြင့်ပစ်ခတ်သဖြင့် လူငယ်တစ်ဦးဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် ကြားရုံ ကြားခဲ့ဖူးတဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တာချီလိတ်ပုံစံမျိုး ပြန်ဖြစ်လာတယ် ထင်တယ်။ စားသတိ၊ သွားသတိဆိုတာထက် စားလည်းကြောက်၊ သွားလည်းကြောက် အဖြစ်ရောက်နေသလိုပါပဲ၊ တော်ကြာလူမှားလုပ်ခံနေရင် ခက်ဦးမယ်၊ တာချီလိတ်မှာက သေနတ်တွေက ပေါက ပေါနဲ့ဗျာ”ဟု တာချီလိတ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
ဇန်နဝါရီလ (၂၁)ရက်နေ့က ပစ်ခတ်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ဇန်နဝါရီလ (၂၉)ရက်နေ့က ပစ်ခတ်မှုကို (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ သေနတ်သမားများကို ဖမ်းဆီးရမိရေး ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များက ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency