ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသူ (၁၂)ဦးကို မေကြးတုိင္းအတြင္း ဖမ္းဆီးရမိ

ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသူ (၁၂)ဦးကို မေကြးတုိင္းအတြင္း ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ႏိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသူ (၁၂)ဦးကို ေဒသခံမ်ား သတင္းေပးပို႔သျဖင့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔ နံနက္ (၁)နာရီမထိုးမီတြင္ မေကြးတိုင္းေဒသႀကီးအတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီး ရမိလိုက္ေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီး ပရဆိုင္ေက်းရြာအနီးတြင္ မသကၤာဖြယ္ရာ လူစိမ္းမ်ားေတြ႔ရိွေၾကာင္း သတင္းေပးပို႔ခ်က္အရ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ပရဆိုင္ေက်းရြာ အေနာက္ဘက္(၅) မိုင္ ခန္႔အကြာရိွ ဝါးေတာထဲတြင္ ႏိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ အမ်ိဳးသား (၁၂)ဦးကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တုိ႔ရဲ႕ ရဲတပ္ဖဲြ႔ေတြအေနနဲ႔ ေန႔ေရာ ညပါ၊ သတင္းစံုစမ္းတာေတြ၊ ကင္းပုန္းဝပ္တာေတြ၊ ပိတ္ဆို႔ စစ္ေဆးတာေတြ မနားတမ္းေဆာင္ရြက္ေနၾကပါတယ္။ ေဒသခံေတြကိုလည္း ပညာေပးစည္းရံုးမႈေတြ လုပ္ထားလို႔ သူတို႔ရဲ႕ ပူးေပါင္းပါဝင္မႈကလည္း အေတာ္ႀကီးကို အေရးပါတယ္။ ဆက္လက္ၿပီး ဖမ္းဆီးရမိေရးအတြက္ မ်က္ေျခမျပတ္ ေဆာင္ရြက္သြားမွာပါ”ဟု မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴး ထင္ေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရခိုင္ျပည္နယ္မွ ရန္ကုန္တုိင္းေဒသႀကီးသို႔ သြားေရာက္သည့္ လမ္းေၾကာင္းမွတစ္ဆင့္ ႏုိင္ငံတြင္းဝင္ေရာက္ခြင့္ အေထာက္အထားမရိွသူမ်ား ခိုးဝင္ရန္အတြက္ အသံုးျပဳေနၾကျခင္းျဖစ္ၿပီး အဆိုပါလမ္းေၾကာင္းေပၚရိွ မေကြးတုိင္းေဒသႀကီးတြင္ ခိုးဝင္သူမ်ားအား မၾကာခဏ ဖမ္းဆီးရမိေနသျဖင့္ ေဒသတြင္း သူစိမ္းမ်ားဝင္ေရာက္လာပါက ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားရန္ ေဒသခံမ်ားကို အသိပညာေပးျခင္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

ဖမ္းဆီးရမိထားသူမ်ားကို လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက စစ္ေဆးေနၿပီး အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွစ၍ မေကြးတိုင္းေဒသႀကီးအတြင္း တရားမဝင္ ဝင္ေရာက္လာသူ စုစုေပါင္း (၅၂)ဦးႏွင့္  တရားမဝင္ ဝင္ေရာက္ႏုိင္ရန္ အခေၾကးေငြယူ၍ ေခၚသြင္းလာသူစုစုေပါင္း (၁၁)ဦးတို႔ကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူ (၁၂)ဦးကို ဒေသခံများ သတင်းပေးပို့သဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် (၁)နာရီမထိုးမီတွင် မကွေးတိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပရဆိုင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာ လူစိမ်းများတွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ပရဆိုင်ကျေးရွာ အနောက်ဘက်(၅) မိုင် ခန့်အကွာရှိ ဝါးတောထဲတွင် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသည့် အမျိုးသား (၁၂)ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ နေ့ရော ညပါ၊ သတင်းစုံစမ်းတာတွေ၊ ကင်းပုန်းဝပ်တာတွေ၊ ပိတ်ဆို့ စစ်ဆေးတာတွေ မနားတမ်းဆောင်ရွက်နကြေပါတယ်။ ဒေသခံတွေကိုလည်း ပညာပေးစည်းရုံးမှုတွေ လုပ်ထားလို့ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုကလည်း အတော်ကြီးကို အရေးပါတယ်။ ဆက်လက်ပြီး ဖမ်းဆီးရမိရေးအတွက် မျက်ခြေမပြတ် ဆောင်ရွက်သွားမှာပါ”ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်သည့် လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတွင်းဝင်ရောက်ခွင့် အထောက်အထားမရှိသူများ ခိုးဝင်ရန်အတွက် အသုံးပြုနကြခြေင်းဖြစ်ပြီး အဆိုပါလမ်းကြောင်းပေါ်ရှိ မကွေးတိုင်းဒေသကြီးတွင် ခိုးဝင်သူများအား မကြာခဏ ဖမ်းဆီးရမိနေသဖြင့် ဒေသတွင်း သူစိမ်းများဝင်ရောက်လာပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် ဒေသခံများကို အသိပညာပေးခြင်းများ လုပ်ဆောင်နခြေင်းဖြစ်သည်။

ဖမ်းဆီးရမိထားသူများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးနပြေီး အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း (၅၂)ဦးနှင့် တရားမဝင် ဝင်ရောက်နိုင်ရန် အခကြေးငွေယူ၍ ခေါ်သွင်းလာသူစုစုပေါင်း (၁၁)ဦးတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~