ရဲတပ္ဖြဲ႕က ေဆခမ္းရပ္ကြက္၊ ေဟာင္လိတ္မီးပိြဳင့္လမ္းဆံုတြင္ ပိတ္ဆို႔စစ္ေဆးေနစဥ္ ည(၁၀)နာရီ (၃၀)မိနစ္က စိုင္း၀န္းေက်ာက္ဆိုသူ ေမာင္းႏွင္လာသည့္ Toyota Mark-X ယာဥ္အား စစ္ေဆးရာ စိုင္း၀န္းေက်ာက္ လြယ္ထားသည့္ အနက္ေရာင္သားေရအိတ္အတြင္းမွ GLOCK အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္ (၁၀) ေတာင့္ကို က်ည္အိမ္တပ္လွ်က္၊ ပြိဳင့္ ၂၂ က်ည္ (၁၉) ကို ရွာေဖြဖမ္းဆီးရရိွခဲ့ေၾကာင္း၊ ဆက္လက္၍ ည (၁၀) နာရီ (၅၀) မိနစ္က ယာဥ္ေမာင္း အိုက္ႏြန္းေမာင္းႏွင္လာသည့္ Toyota Revo ယာဥ္အား စစ္ေဆးရာ ေမာ္ေတာ္ယာဥ္၏ တူးေဘာက္ အတြင္း GLOCK အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္ (၁၃)ေတာင့္ကို က်ည္အိမ္တပ္လွ်က္ျဖင့္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး လွဦး၊ ေဟာင္လိတ္ရဲကင္းစခန္းမွဴး ရဲအုပ္ခ်မ္းေျမ႕ေအာင္ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ား၊ ခမရ(၅၂၆)မွ ဗိုလ္ႀကီးၿဖိဳးေဇာ္ဦး ဦးစီးအဖြဲ႕၊ ျပည္နယ္မႈ/ကူမွ တပ္ၾကပ္ထြန္းဝင္းေဇာ္၊ အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ တပ္ၾကပ္ႀကီး ဝင္းကို၊ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းရွန္ႏြန္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၃/၁၉၊ ရွမ္းျပည္နယ္လက္နက္ အမိန္႔အပိုဒ္ ၁၂၉(က)ျဖင့္ လည္းေကာင္း၊ အိုက္ႏြန္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၄/၁၉၊ ရွမ္းျပည္နယ္လက္နက္အမိန္႔အပုိဒ္ ၁၂၉(က)ျဖင့္ အသီးသီး အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီလကုန္ပုိင္းနွင့္ ေဖေဖၚဝါရီလဆန္းပိုင္းအတြင္း ေသနတ္ပစ္ခတ္မႈ (၃)ႀကိမ္ျဖစ္ပြားခဲ့ကာ တာခ်ီလိတ္ၿမိဳ႕မွ လုပ္ငန္းရွင္တစ္ဦးႏွင့္ ထုိင္းႏိုင္ငံသားတစ္ဦးတုိ႔ ေသဆံုးခဲ့ၿပီး က်ဴးလြန္သူမ်ား လြတ္ေျမာက္ေနဆဲျဖစ္သျဖင့္ ရဲတပ္ဖြဲ႕က ပံုမွန္စစ္ေဆးမႈမ်ားအျပင္ ပိတ္ဆို႔ႏွင့္ ေရွာင္တခင္စစ္ေဆးမႈမ်ားအား တိုးျမႇင့္လုပ္ေဆာင္ေနရာ ယခုဖမ္းဆီးရမိမႈမွာ ေဖေဖၚဝါရီလအတြင္း လက္နက္၊ခဲယမ္းမ်ားျဖင့္ (၃)ႀကိမ္ေျမာက္ ဖမ္းဆီးရရိွမႈျဖစ္သည္။
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္(Tachileik News Agency)
ရဲတပ်ဖွဲ့က ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်မီးပွိုင့်လမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးနေစဉ် ည(၁၀)နာရီ (၃၀)မိနစ်က စိုင်းဝန်းကျောက်ဆိုသူ မောင်းနှင်လာသည့် Toyota Mark-X ယာဉ်အား စစ်ဆေးရာ စိုင်းဝန်းကျောက် လွယ်ထားသည့် အနက်ရောင်သားရေအိတ်အတွင်းမှ GLOCK အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် (၁၀) တောင့်ကို ကျည်အိမ်တပ်လျှက်၊ ပွိုင့် ၂၂ ကျည် (၁၉) ကို ရှာဖွေဖမ်းဆီးရရှိခဲ့ကြောင်း၊ ဆက်လက်၍ ည (၁၀) နာရီ (၅၀) မိနစ်က ယာဉ်မောင်း အိုက်နွန်းမောင်းနှင်လာသည့် Toyota Revo ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်၏ တူးဘောက် အတွင်း GLOCK အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် (၁၃)တောင့်ကို ကျည်အိမ်တပ်လျှက်ဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး၊ ဟောင်လိတ်ရဲကင်းစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ခမရ(၅၂၆)မှ ဗိုလ်ကြီးဖြိုးဇော်ဦး ဦးစီးအဖွဲ့၊ ပြည်နယ်မှု/ကူမှ တပ်ကြပ်ထွန်းဝင်းဇော်၊ အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ တပ်ကြပ်ကြီး ဝင်းကို၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းရှန်နွန်းကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၃/၁၉၊ ရှမ်းပြည်နယ်လက်နက် အမိန့်အပိုဒ် ၁၂၉(က)ဖြင့် လည်းကောင်း၊ အိုက်နွန်းကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၄/၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂၉(က)ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း သေနတ်ပစ်ခတ်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ကာ တာချီလိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်သဖြင့် ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးမှုများအပြင် ပိတ်ဆို့နှင့် ရှောင်တခင်စစ်ဆေးမှုများအား တိုးမြှင့်လုပ်ဆောင်နေရာ ယခုဖမ်းဆီးရမိမှုမှာ ဖေဖော်ဝါရီလအတွင်း လက်နက်၊ခဲယမ်းများဖြင့် (၃)ကြိမ်မြောက် ဖမ်းဆီးရရှိမှုဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်(Tachileik News Agency)