မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် သေနတ်နှင့်ကျည်ဆံတို့ဖြင့် ဖမ်းဆီးရမိသည့် လာအိုနိုင်ငံသားသည် မြန်မာနိုင်ငံသို့ စက်လှေဖြင့် တရားမ၀င် ရောက်ရှိလာသူ ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အတွက် လက်နက်အမှုအပြင် လ၀ကအက်ဖြင့် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ည(၇)နာရီကျော်က တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၃/၂၀၁၉၊ ၁၉၄၇ခုနှစ် လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် ထပ်မံ အမှုဖွင့်လိုက်ကြောင်း သိရသည်။
ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူးရဲအုပ် ချမ်းမြေ့အောင် နှင့် တပ်ဖွဲ့ဝင်များ၊ ၊ခရိုင်(မှု/နှိမ်)မှ ရဲအုပ် မြင့်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ခုနှစ် ဖေဖော်ဝါ၇ီလ(၁၅)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက်ရှိ လမ်းကြားတွင် လမ်းလျှောက်လာသည့် အသက် (၁၉)နှစ်အရွယ် ထိုင်းဝမ်းကို စစ်ဆေးရာမှ ၎င်း၏ လွယ်အိတ်အတွင်းမှ WALTER CP 99 အမျိုးအစား Gas သေနတ်(၁)လက်နှင့် ၎င်းကျည် (၁၄၀)လုံး၊ ၎င်းသေနတ်တွင် အသုံးပြုသည့် Gas အိုးသေး(၂)လုံး၊ ပွိုင့် (၂၂)ကျည် (၁၂)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်နှင့်အတူ တွေ့ရှိရသည့် အဆိုပါ လာအိုနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၉/၂၀၁၉၊ ၁၉၄၂ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အပုဒ် ၁၂(ဂ)ဖြင့် အမှုဖွင့်ထားရှိပြီး မြို့နယ်လ၀ကမှ ဒုလ၀ကမှူးမျိုးခိုင်မှ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက ၎င်းသည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က လာအိုနိုင်ငံ၊ မယ်ခေါင်မြစ်ကမ်းဘေးရှိ စီးဖူးလျှန်းရွာမှ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် အတွင်းရှိ ၀မ်ပုံဆိပ်ကမ်း တစ်နေရာသို့ စက်လှေဖြင့် တရားမ၀င် ၀င်ရောက်လာသူဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အတွက် လ၀ကအက်ဖြင့် ထပ်မံ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
Tachileik News Agency
ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူးရဲအုပ် ချမ်းမြေ့အောင် နှင့် တပ်ဖွဲ့ဝင်များ၊ခရိုင်(မှု/နှိမ်)မှ ရဲအုပ် မြင့်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက်ရှိ လမ်းကြားတွင် လမ်းလျှောက်လာသည့် အသက် (၁၉)နှစ်အရွယ် ထိုင်းဝမ်းကို စစ်ဆေးရာမှ၎င်း၏ လွယ်အိတ်အတွင်းမှ WALTER CP 99 အမျိုးအစား Gas သေနတ်(၁)လက်နှင့်၎င်းကျည် (၁၄၀)လုံး၊၎င်းသေနတ်တွင် အသုံးပြုသည့် Gas အိုးသေး(၂)လုံး၊ ပွိုင့် (၂၂)ကျည် (၁၂)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်နှင့်အတူ တွေ့ရှိရသည့် အဆိုပါ လာအိုနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၉/၂၀၁၉၊ ၁၉၄၂ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အပုဒ် ၁၂(ဂ)ဖြင့် အမှုဖွင့်ထားရှိပြီး မြို့နယ်လဝကမှ ဒုလဝကမှူးမျိုးခိုင်မှ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက၎င်းသည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က လာအိုနိုင်ငံ၊ မယ်ခေါင်မြစ်ကမ်းဘေးရှိ စီးဖူးလျှန်းရွာမှ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် အတွင်းရှိ ဝမ်ပုံဆိပ်ကမ်း တစ်နေရာသို့ စက်လှဖြေင့် တရားမဝင် ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အတွက် လဝကအက်ဖြင့် ထပ်မံ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိပြီး တရားဝင် ဝင်ရောက် လာသည့် ထိုင်းနိုင်ငံသားများအား ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် လည်းကောင်း၊ ယခု လက်နက်နှင့်အတူ ဖမ်းဆီးရမိသည့် လာအိုနိုင်ငံသားအား တရားမဝင် ဝင်ရောက်မှုဖြင့် လည်းကောင်း အရေးယူထားပြီး မြန်မာနိုင်ငံသား မဟုတ်သည့် နိုင်ငံခြားသားများကို အိမ်ခန်းငှါးပေးခြင်း နှင့် နေအိမ်ငှါးရမ်း ပေးခြင်းများပြုလုပ်သည့် မြန်မာနိုင်ငံသားများကိုလည်း လဝကအက်ဖြင့် အရေးယူထားရှိကြောင်း သိရသည်။
Tachileik News Agency