လိုင်စင်မရှိဘဲ မြန်မာလုပ်သား(၁၀၉)ဦးကို ထိုင်းနိုင်ငံစေလွှတ်ရန် ငွေကြေးရယူဆောင်ရွက်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ထိုင်းနိုင်ငံသူ Vena Phubut နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် လိုင်စင်ရအေဂျင်စီ (၄)ခုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံသူ Vena Phubut သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခို နေထိုင်ပြီး မြန်မာလုပ်သား (၁၀၉)ဦးကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ငွေကျပ် (၅)သိန်းခွဲမှ (၆)သိန်းအထိ တောင်းယူခြင်းကို သန်းအောင်နှင့် သူရအောင်တို့ အကူအညီဖြင့် ဆောင်ရွက် နေကြောင်းနှင့် ပတ်သက်၍ အလုပ်သမား (၃၆)ဦးက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ မြန်မာလုပ်သားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်သည့် ထိုင်းနိုင်ငံသူနှင့်အတူ သန်းအောင်၊ သူရအောင်တို့အား အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ရွှေပြည်သာမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားရာ သန်းအောင်မှာ တိမ်းရှောင် နေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ထိုင်းနိုင်ငံသူ Vena Phubut သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှပြေည်သာမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခို နေထိုင်ပြီး မြန်မာလုပ်သား (၁၀၉)ဦးကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ငွေကျပ် (၅)သိန်းခွဲမှ (၆)သိန်းအထိ တောင်းယူခြင်းကို သန်းအောင်နှင့် သူရအောင်တို့ အကူအညီဖြင့် ဆောင်ရွက် နေကြောင်းနှင့် ပတ်သက်၍ အလုပ်သမား (၃၆)ဦးက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ မြန်မာလုပ်သားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်သည့် ထိုင်းနိုင်ငံသူနှင့်အတူ သန်းအောင်၊ သူရအောင်တို့အား အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရွှပြေည်သာမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားရာ သန်းအောင်မှာ တိမ်းရှောင် နေဆဲဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ မြန်မာလုပ်သားများ စုဆောင်းမှု၊ ငွေကြေး တောင်းခံမှုများဖြင့် အမှုဖွင့်ဆောင်ရွက်ခံရသည့် အရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့အထိ စုစုပေါင်း (၁၃၇)ဦးရှိနေကြောင်း သိရသည်။
Tachileik News Agency