ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အောက်မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေအယ်(၂)ကျေးရွာတွင် မိန်းကလေးတစ်ဦးအား လက်ထပ်ပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် စီစဉ်နေသည့် တရုတ်နိုင်ငံသား (၂)ဦးနှင့် မြန်မာအမျိုးသမီး (၁)ဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ရဲအုပ်လှဘုန်း နှင့် တပ်ဖွဲ့ဝင်များ အပါအ၀င် သက်ဆိုင်ရာ ပူးအဖွဲ့သည် သတင်းအရ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ဟွေအယ်(၂)ကျေးရွာသို့ သွားရောက်ပြီး မနာကော်၊ မခင်လှနှင့် ၎င်းအိမ်တွင် တည်းခိုနေကြသည့် တရုတ်နိုင်ငံသား (၂)ဦးတို့ကို ခေါ်ဆောင်လာပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
မိသားစုတစ်စု ကလေးတစ်ဦးစီမံချက် အကောင်အထည်ဖေါ်ခဲ့သည့် တရုတ်နိုင်ငံတွင် သတို့သမီးလိုအပ်ချက်မြင့်နေသည့် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် လူကုန်ကူးမှုများ၊ တရုတ်အမျိုးသားများက အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ သတို့သမီးရှာဖွေလက်ထပ် ခေါ်ဆောင်သွားကာ ပြန်လည်ရောင်းချမှုများ ဖြစ်ပွားနေပြီး မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ရဲအုပ်လှဘုန်း နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးအဖွဲ့သည် သတင်းအရ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ဟွေအယ်(၂)ကျေးရွာသို့ သွားရောက်ပြီး မနာကော်၊ မခင်လှနှင့်၎င်းအိမ်တွင် တည်းခိုနကြေသည့် တရုတ်နိုင်ငံသား (၂)ဦးတို့ကို ခေါ်ဆောင်လာပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
မနာကော်ထံသို့ လွန်ခဲ့သည့် (၃)ရက်ခန့်က မခင်လှ၊ မခင်လှ၏ ခင်ပွန်း တရုတ်နိုင်ငံသား Li Jinke နှင့် တရုတ်နိုင်ငံသား တစ်ဦးဖြစ်သူ Luo Laosan တို့ရောက်လာပြီး Luo Laosan အား လက်ထပ်ပါက ချမ်းချမ်းသာသာနေရမည်ဟု စည်းရုံးပြောဆိုပြီး ဘတ်ငွေ (၅,ဝဝဝ)အား မနာကော်၏မိဘများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မခင်လှသည် လွန်ခဲ့သည့် (၅)လခန့်က Wechat မှတစ်ဆင့်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသား Li Jinke နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် လက်ထပ်ပြီးနောက် တရုတ်နိုင်ငံသို့ လိုက်ပါသွားခြင်းဖြစ်ကာ မတ်လ (၁၈)ရက်နေ့တွင်၎င်း၏ ခင်ပွန်း၊ ယောက္ခမ၊ Luo Laosan၊ မဖောလေတို့ ဇနီးမောင်နှံတို့နှင့်အတူ မြန်မာနိုင်ငံတွင် Luo Laosan အတွက် မိန်းမရှာဖွေရန် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၆)ဦးအနက် မခင်လှသည်၎င်း၏ခင်ပွန်း၊ Luo Laosan တို့နှင့်အတူ ဟွေအယ် (၂)ရွာတွင် သွားရောက်ရှာဖွေရာ မနာကော်အားတွေ့ရှိပြီး Luo Laosan နှင့်လက်ထပ်ယူရန်စည်းရုံးပြီး ဘတ် (၅,ဝဝဝ)ပေးခဲ့ကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မခင်လှနှင့် တရုတ်နိုင်ငံသား (၂)ဦးဖြစ်သူ Li Jinke နှင့် Luo Laosan တို့(၃)ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၁၆၁/၂၀၁၉၊ လဝက ၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မိသားစုတစ်စု ကလေးတစ်ဦးစီမံချက် အကောင်အထည်ဖော်ခဲ့သည့် တရုတ်နိုင်ငံတွင် သတို့သမီးလိုအပ်ချက်မြင့်နေသည့် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် လူကုန်ကူးမှုများ၊ တရုတ်အမျိုးသားများက အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ သတို့သမီးရှာဖွေလက်ထပ် ခေါ်ဆောင်သွားကာ ပြန်လည်ရောင်းချမှုများ ဖြစ်ပွားနပြေီး မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency