ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အပြင်က ပြန်ရောက်လာပြီး အရက်မူးနေသည့် ခင်ပွန်းဖြစ်သူက အိပ်နေသည့် ဇနီးအား ဆံပင်ဆွဲ၊ လည်ပင်းတက်နင်းပြီး ဓါးဖြင့်ထိုးသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရပ်ကွက်နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ ည (၉)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးသည် အသက်(၉)နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ အိပ်ပျော်နေစဉ် အရက်သောက်လာသည့် ခင်ပွန်းဖြစ်သူ နိုင်ထွန်းက ဆံပင်အားဆွဲ၍ လည်ပင်းကိုခြေဖြင့်တက်နင်းပြီး ကြက်သွန်လှီးဓါးဖြင့် ထိုး၍ ဝဲဘက်ချိုင်းအောက်တွင် ဒဏ်ရာရသွားကြောင်း သိရသည်။
Tachileik News Agency
ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရပ်ကွက်နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ ည (၉)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးသည် အသက်(၉)နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ အိပ်ပျော်နေစဉ် အရက်သောက်လာသည့် ခင်ပွန်းဖြစ်သူ နို်င်ထွန်းက ဆံပင်အားဆွဲ၍ လည်ပင်းကိုခြဖြေင့်တက်နင်းပြီး ကြက်သွန်လှီးဓားဖြင့် ထိုး၍ ဝဲဘက်ချိုင်းအောက်တွင် ဒဏ်ရာရသွားကြောင်း သိရသည်။
ဇနီးဖြစ်သူအား ဓားဖြင့်ထိုးသည့် အသက်(၄၀)ဝန်းကျင်အရွယ် နိုင်ထွန်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၅၀၆ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency