အောက်ချင်းငှက်တစ်ကောင်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမျိုးသားကို ထောင်ဒဏ် အနည်းဆုံး (၃)နှစ်မှ (၁၀)နှစ်အထိ ချမှတ်နိုင်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ဖြင့် ပဒါန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မကွေးတိုင်းဒေကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင်လည်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့က အောက်ချင်းငှက် (၉)ကောင်သယ်လာပေးသည့်အမျိုးသားတစ်ဦးနှင့် သယ်ပို့ရန်စေခိုင်းသည့်အမျိုးသား တစ်ဦးတို့အား တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မဖြင့် အရေးယူခဲ့ရခြင်းဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၁(က)သည် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် တနည်းနည်းဖြင့် လွှဲပြောင်းခြင်း ယင်းတိရစ္ဆာန်ကို ဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ သွေးရည်ကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘု လက်ဝယ်ထားခြင်း သို့မဟုတ် သယ်ဆောင်ခြင်သို့ ပြုလုပ်ပါက ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ ဆယ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ၂၀၁၈ခုနှစ် မေလ(၁၂)ရက်နေ့က ဥပဒေပြဋ္ဌာန်းထားရှိသည်။
သတင်း - ဖီးနစ်
ဓါတ်ပုံ - KHS
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနတောင်ပေါ်ဘိနယ်အတွင်း အောက်ချင်းငှက်အထီး တစ်ကောင်အား ဦးဝင်းမောင်ဆိုသူက ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ညပိုင်းက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် အောက်ချင်းငှက်အား ပစ်ခတ်ခဲ့သူကို ငဖဲမြို့နယ်သစ်တောဦးစီးဌာနက အမှုဖွင့်တိုင်ကြားသဖြင့် ပဒါန်းနယ်မြေရဲစခန်းတွင် (ပ)၉၀/၂၀၁၉၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၁(က)ဖြင့် မတ်လ (၂၉)ရက်နေ့က အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒကြေီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင်လည်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့က အောက်ချင်းငှက် (၉)ကောင်သယ်လာပေးသည့်အမျိုးသားတစ်ဦးနှင့် သယ်ပို့ရန်စေခိုင်းသည့်အမျိုးသား တစ်ဦးတို့အား တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မဖြင့် အရေးယူခဲ့ရခြင်းဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၁(က)သည် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစာ္ဆန် သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစာ္ဆန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စခြေင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် တနည်းနည်းဖြင့် လွှဲပြောင်းခြင်း ယင်းတိရစာ္ဆန်ကို ဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ သွေးရည်ကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘု လက်ဝယ်ထားခြင်း သို့မဟုတ် သယ်ဆောင်ခြင်သို့ ပြုလုပ်ပါက ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ ဆယ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ၂၀၁၈ခုနှစ် မေလ(၁၂)ရက်နေ့က ဥပဒပြေဋ္ဌာန်းထားရှိသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - KHS