Facebook လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ Thuya Soe အမည္ျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဂုဏ္သိကၡာႏွင့္ ထင္ေပၚေက်ာ္ၾကားမႈကို ပုတ္ခတ္ထိခိုက္ေစာ္ကားသည့္ အေရးအသားမ်ား တင္ခဲ့သူကို မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လံုျခံဳမႈကို ကာကြယ္ေပးေရးဥပေဒပုဒ္မ ၁၀ ျဖင့္ အမႈဖြင့္ အေရးယူထား ေၾကာင္း သိရသည္။
“သူရစိုး အေကာင့္နဲ႔ လူမႈကြန္ယက္ေတြမွာ ႏိုင္ငံေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ရုန္႔ရင္းၾကမ္း တမ္းစြာ ဆဲဆိုေနတဲ့ စာေတြ အမ်ားႀကီးျပန္႔ႏွံ႔ေနတာေပါ့ေနာ္။ ေရးတင္တဲ့သူကလည္း မေကြးကျဖစ္ေနတယ္။ ဗိုလ္ခ်ဳပ္ကလည္း မေကြးတိုင္းသားျဖစ္တယ္။ ျပည္သူေတြကလည္း ဒါကို တရားမစဲြဘူးလား ဆိုၿပီး ေမးေနၾကတာေၾကာင့္ NLD ပါတီ တိုင္းအလုပ္အမႈေဆာင္ေတြ၊ ၿမိဳ႕နယ္အမႈေဆာင္ေတြနဲ႔ ညိႇႏိွဳင္းၿပီး ကြ်န္ေတာ္ကေန တရားလိုျပဳလုပ္ၿပီး အမႈဖြင့္ရမယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္နဲ႔ အမႈဖြင့္ခဲ့တာပါ။ ဒီဟာကို ခြင့္လႊတ္ လိုက္လို႔ရိွရင္ ေနာက္ေနာင္မွာ ႏိုင္ငံေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ေစာ္ကားမယ့္ ကိစၥေတြေပၚ ေပါက္လာမွာစိုးလို႔ အမႈဖြင့္ရျခင္းျဖစ္ပါတယ္”ဟု တရားလိုျပဳလုပ္အမႈဖြင့္ခဲ့သူ မေကြးၿမိဳ႕နယ္ အမ်ိဳးသားဒီမို ကေရစီအဖဲြ႔ခ်ဳပ္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖဲြ႔ဥကၠဌ ဦးစိုးမိုး က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
မေကြးၿမိဳ႕ ရန္ကင္းရပ္ကြက္၊ေအာင္မဂၤလာအုပ္စု၊ဇမၺဴရာဇ္စိန္ေရႊရတနာအေရာင္းဆိုင္ရွင္ ဦးသူရစိုး ၏ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွ Thuya Soe အမည္ျဖင့္ “စာေတြမ်ားစြာဖတ္ခဲ့တယ္ ေအာင္ဆန္းသမိုင္းမွားေနတယ္ ေအာင္ဆန္းအေၾကာင္းေဆြးေႏြးလိုရင္ လာပါ ေအာင္ဆန္း ဟိုေျပး ဒီေျပး ဂ်ပန္ဖင္ခံလာတဲ့ အေျခာက္ပါ ေဆြးေႏြးလိုသူမ်ား ဖိတ္ေခၚပါသည္”ဟု လည္းေကာင္း၊ “ေအာင္ဆန္းသမိုင္းေလ့လာထားတယ္ ေအာင္ဆန္း စစ္တိုက္ဘူးပါသလား”ဟု လည္းေကာင္း၊ အမ်ိုးသားအာဇာနည္ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ဂုဏ္သိကၡာႏွင့္ ထင္ေပၚေက်ာ္ၾကားမႈကို ထိခိုက္ေစရန္ ရည္ရြယ္ခ်က္ ျဖင့္ ေရးတင္ခဲ့သည့္ ဦးသူရစိုး၏ ေရးသားေဖာ္ျပခ်က္မ်ားသည္ ႏိုင္ငံသား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လံုျခံဳမႈကို ကာကြယ္ေပးေရးဥပေဒပုဒ္မ ၈(စ)ပါ ျပဌာန္းခ်က္မ်ားႏွင့္ ျငိစြန္းလွ်က္ရိွေၾကာင္း ႏွင့္ ဦးသူရစိုး အား အေရးယူေပးပါရန္ မတ္လ(၂၉)ရက္ေန႔တြင္ ဦးစိုးမိုးက တရားလိုျပဳလုပ္တိုင္တန္းခဲ့ျခင္းျဖစ္သည္။
“ကြ်န္ေတာ္တို႔အေဖကလည္း တပ္ကပါပဲ။ အၿငိမ္းစား ဒုဗိုလ္မွဴးႀကီးတစ္ဦးျဖစ္လို႔ တပ္မေတာ္ဖခင္ႀကီးဗိုလ္ ခ်ဳပ္ေအာင္ဆန္းကို တိုက္ခိုက္ဖို႔အေၾကာင္း မရိွပါဘူး။ ပထမ ကြ်န္ေတာ္နဲ႔က အဆက္အသြယ္ျပတ္ေနလို႔ ဒီ ကိစၥကို မသိလိုက္ဘူး။ အဆက္အသြယ္ရေတာ့ သူ႔ဖုန္းေပ်ာက္သြားတယ္။ ငါနဲ႔ မတည့္တဲ့သူေတြကမ်ား လုပ္လိုက္တာလားလို႔ အစ္ကိုက ေျပာပါတယ္။ အဲဒီအခ်ိန္တုန္းက ဒီ post ေတြက အမ်ားႀကီးတက္မလာ ေသးပါဘူး။ ဘယ္လိုလုပ္မလဲ တိုင္ပင္ေနတုန္းမွာပဲ အမ်ားႀကီးျပန္႔ႏွံ႔သြားတယ္။ ကြ်န္ေတာ့္ အစ္ကိုက ႏိုင္ငံေရးလည္း စိတ္မဝင္စားပါဘူး။ သူ႔ရဲ႕ ေပ်ာက္သြားတဲ့ဖုန္းကို ရသြားတဲ့သူက လုပ္တာလား။ ဖုန္းရသြားတဲ့ သူက သူ႔ကို ျခိမ္းေျခာက္တာေတြလုပ္တယ္လို႔ေတာ့ ေျပာဖူးေပမယ့္ သူက အေသာက္အစားမ်ားၿပီး စိတ္ကလည္း ထိခိုက္ထားေတာ့ စကားေတြက ေရွ႕ေနာက္မညီတာေတြရိွတာေၾကာင့္ အမႈမဲ့ အမွတ္မဲ့ပဲ ေနခဲ့မိ တယ္။ အခုမနက္မွ ကြ်န္ေတာ္လည္း ဒီကိုေရာက္လာတာျဖစ္လုိ႔ လတ္တေလာေတာ့ ဒီေလာက္ပဲသိပါေသး တယ္”ဟု ဦးသူရစိုး၏ ညီေတာ္စပ္သူ ကိုသစ္ဦးစိုး က ေျပာသည္။
ဦးသူရစိုး၏ ေဆြမ်ိဳးေတာ္စပ္သူမ်ားက ဦးစိုးမိုးထံ ဆက္သြယ္၍ ေတာင္းပန္ပါမည္ဟု ေျပာခဲ့ရာ က်ိဳးေၾကာင္း ခိုင္လံုစြာ ေတာင္းပန္ႏိုင္ပါက ေက်နပ္၊ မေက်နပ္ ဆိုသည္ကို ဆံုးျဖတ္ေပးမည္ဟု အေၾကာင္းျပန္ခဲ့ေသာ္ လည္း ေတာင္းပန္စာထြက္လာသည့္အခါ အေကာင့္ ဟက္ခံရ၍ ဟု အေၾကာင္းျပမႈမ်ိဳးသာ ျပဳလုပ္လာ သျဖင့္ ယခုကဲ့သို႔ အမႈဖြင့္ရျခင္းျဖစ္ေၾကာင္း ဦးစိုးမိုးက ေျပာသည္။
သတင္း/ဓာတ္ပံု - ဖီးနစ္
“သူရစိုး အကောင့်နဲ့ လူမှုကွန်ယက်တွေမှာ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ရုန့်ရင်းကြမ်း တမ်းစွာ ဆဲဆိုနေတဲ့ စာတွေ အများကြီးပြန့်နှံ့နေတာပေါ့နော်။ ရေးတင်တဲ့သူကလည်း မကွေးကဖြစ်နေတယ်။ ဗိုလ်ချုပ်ကလည်း မကွေးတိုင်းသားဖြစ်တယ်။ ပြည်သူတွေကလည်း ဒါကို တရားမစွဲဘူးလား ဆိုပြီး မေးနကြေတာကြောင့် NLD ပါတီ တိုင်းအလုပ်အမှုဆောင်တွေ၊ မြို့နယ်အမှုဆောင်တွေနဲ့ ညှိနှိုင်းပြီး ကျွန်တော်ကနေ တရားလိုပြုလုပ်ပြီး အမှုဖွင့်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အမှုဖွင့်ခဲ့တာပါ။ ဒီဟာကို ခွင့်လွှတ် လိုက်လို့ရှိရင် နောက်နောင်မှာ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားမယ့် ကိစ္စတွေပေါ် ပေါက်လာမှာစိုးလို့ အမှုဖွင့်ရခြင်းဖြစ်ပါတယ်”ဟု တရားလိုပြုလုပ်အမှုဖွင့်ခဲ့သူ မကွေးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဦးစိုးမိုး က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
မကွေးမြို့ ရန်ကင်းရပ်ကွက်၊အောင်မင်္ဂလာအုပ်စု၊ဇမ္ဗူရာဇ်စိန်ရွှေရတနာအရောင်းဆိုင်ရှင် ဦးသူရစိုး၏ Facebook လူမှုကွန်ယက်စာမျက်နှာမှ Thuya Soe အမည်ဖြင့် “စာတွေများစွာဖတ်ခဲ့တယ် အောင်ဆန်းသမိုင်းမှားနေတယ် အောင်ဆန်းအကြောင်းဆွေးနွေးလိုရင် လာပါ အောင်ဆန်း ဟိုပြေး ဒီပြေး ဂျပန်ဖင်ခံလာတဲ့ အခြောက်ပါ ဆွေးနွေးလိုသူများ ဖိတ်ခေါ်ပါသည်”ဟု လည်းကောင်း၊ “အောင်ဆန်းသမိုင်းလေ့လာထားတယ် အောင်ဆန်း စစ်တိုက်ဘူးပါသလား”ဟု လည်းကောင်း၊ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဂုဏ်သိက္ခါနှင့် ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေရန် ရည်ရွယ်ချက် ဖြင့် ရေးတင်ခဲ့သည့် ဦးသူရစိုး၏ ရေးသားဖော်ပြချက်များသည် နိုင်ငံသား၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၈(စ)ပါ ပြဌာန်းချက်များနှင့် ငြိစွန်းလျှက်ရှိကြောင်း နှင့် ဦးသူရစိုး အား အရေးယူပေးပါရန် မတ်လ(၂၉)ရက်နေ့တွင် ဦးစိုးမိုးက တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အဖေကလည်း တပ်ကပါပဲ။ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်လို့ တပ်မတော်ဖခင်ကြီးဗိုလ် ချုပ်အောင်ဆန်းကို တိုက်ခိုက်ဖို့အကြောင်း မရှိပါဘူး။ ပထမ ကျွန်တော်နဲ့က အဆက်အသွယ်ပြတ်နေလို့ ဒီ ကိစ္စကို မသိလိုက်ဘူး။ အဆက်အသွယ်ရတော့ သူ့ဖုန်းပျောက်သွားတယ်။ ငါနဲ့ မတည့်တဲ့သူတွေကများ လုပ်လိုက်တာလားလို့ အစ်ကိုက ပြောပါတယ်။ အဲဒီအချိန်တုန်းက ဒီ post တွေက အများကြီးတက်မလာ သေးပါဘူး။ ဘယ်လိုလုပ်မလဲ တိုင်ပင်နေတုန်းမှာပဲ အများကြီးပြန့်နှံ့သွားတယ်။ ကျွန်တော့် အစ်ကိုက နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူး။ သူ့ရဲ့ ပျောက်သွားတဲ့ဖုန်းကို ရသွားတဲ့သူက လုပ်တာလား။ ဖုန်းရသွားတဲ့ သူက သူ့ကို ခြိမ်းခြောက်တာတွေလုပ်တယ်လို့တော့ ပြောဖူးပေမယ့် သူက အသောက်အစားများပြီး စိတ်ကလည်း ထိခိုက်ထားတော့ စကားတွေက ရှေ့နောက်မညီတာတွေရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပဲ နေခဲ့မိ တယ်။ အခုမနက်မှ ကျွန်တော်လည်း ဒီကိုရောက်လာတာဖြစ်လို့ လတ်တလောတော့ ဒီလောက်ပဲသိပါသေး တယ်”ဟု ဦးသူရစိုး၏ ညီတော်စပ်သူ ကိုသစ်ဦးစိုး က ပြောသည်။
ဦးသူရစိုး၏ ဆွေမျိုးတော်စပ်သူများက ဦးစိုးမိုးထံ ဆက်သွယ်၍ တောင်းပန်ပါမည်ဟု ပြောခဲ့ရာ ကျိုးကြောင်း ခိုင်လုံစွာ တောင်းပန်နိုင်ပါက ကျေနပ်၊ မကျေနပ် ဆိုသည်ကို ဆုံးဖြတ်ပေးမည်ဟု အကြောင်းပြန်ခဲ့သော် လည်း တောင်းပန်စာထွက်လာသည့်အခါ အကောင့် ဟက်ခံရ၍ ဟု အကြောင်းပြမှုမျိုးသာ ပြုလုပ်လာ သဖြင့် ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်ကြောင်း ဦးစိုးမိုးက ပြောသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်