စပါယ်ရှယ်တောင်အဆင်းတွင် ကားချောက်ထဲ ထိုးကျ၍ သေဆုံးသွားသူ တစ်ဦး၏ ဆွေမျိုးမိသားစုဝင်များ သိရှိ ဆက်သွယ်လာရန် ကျိုင်းတုံ ယာဉ်ထိန်းရဲက အသိပေးကြေညာ

စပါယ်ရှယ်တောင်အဆင်းတွင် ကားချောက်ထဲ ထိုးကျ၍ သေဆုံးသွားသူ တစ်ဦး၏ ဆွေမျိုးမိသားစုဝင်များ သိရှိ ဆက်သွယ်လာရန် ကျိုင်းတုံ ယာဉ်ထိန်းရဲက အသိပေးကြေညာ
ဧပြီ 9, 2025 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တောင်ကြီးသွားလမ်းပေါ် ကျိုင်းတုံမြို့နယ်အတွင်း စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ်  ချောက်ထဲသို့ ထိုးကျသွား၍ (၇)ဦး သေဆုံးသွားရာမှ သေဆုံးသွားသူ တစ်ဦး၏ မိဘဆွေမျိုးများကို သိရှိနိုင်ရန် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့က လူမှုကွန်ရက်ကနေတဆင့် အသိပေးကြေညာထားသည်။



"ကျိုင်းတုံမြို့၊ စပါယ်ရှယ်တောင်အဆင်း ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူပါ။ ၎င်း၏ မိဘ ဆွေမျိုးများ သိရှိစေရန် ကူညီစုံစမ်းပေးကြပါ။ နီးစပ်ရာ page များအား ရှယ်ပေးကြပါ။ သိရှိပါက 09690991926 သို့ ဆက်သွယ်ပေးပါ ခင်ဗျာ"ဟု ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့က ဧပြီလ(၉)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က လူမှုကွန်ရက်ကနေ အသိပေးကြေညာထားခြင်းဖြစ်သည်။

သေဆုံးသွားပြီး မိသားစုမှ သိရှိရန် လိုအပ်နေသူမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ မဲလော်ကျေးရွာနေ အသက် ခွန်သန်းရွှေဆိုသူဖြစ်ကြောင်း သိရသည်။

စပါယ်ရှယ်တောင်အဆင်းတွင် ၂၀၂၅ခုနှစ် ဧပြီလ(၈)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်အချိန်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲသို့  ထိုးကျသွားမှုကြောင့် ယာဉ်ပေါ်ပါ လူ(၁၀)ဦးအနက် အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၂)ဦး သေဆုံးပြီး အမျိုးသား(၂)ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  

 

Update: 10.4.2025 3:00PM

သေဆုံးသူ၏ မိသားစုမှ သိရှိပြီဖြစ်၍ မိသားစုဝင်များမှ ဧပြီလ(၁၁)ရက်နေ့တွင် ကျိုင်းတုံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရသည်။