၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားသည့် သူရဲကောင်း ရဲဘော်များအတွက် အောက်မေ့ဂုဏ်ပြုခြင်းအခမ်းအနားကို ကိုးကန့်တပ်(MNDAA)ကပြုလုပ်ရာ ဖုန်တာရွှင်လည်း တက်ရောက်သည်ဟု ၂၀၂၅ခုနှစ် ဧပြီလ (၇)ရက်နေ့က ထုတ်ပြန်သည်။
အဆိုပါအခမ်းအနားကို ဧပြီလ (၂)ရက်နေ့က ရန်လုံကျိုင်း သူရဲကောင်းဗိမာန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး MNDAA ခေါင်းဆောင် ဖုန်တာရွှင်က ဂုဏ်ပြုမှတ်တမ်းတင်စကားပြောခြင်း၊ လွမ်းဆွတ်ပန်းခွေချခြင်း၊ မိသားစုဝင်များနှင့် တွေ့ဆုံခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ကလည်း တိုက်ပွဲကာလအတွင်း လားရှိုးမြို့တွင်း ပျက်စီးသွားသည့်နေအိမ်များမှ ဒေသခံများကို MNDAA က ငွေကျပ်သိန်းတစ်သောင်းကျော် လျော်ကြေးငွေပေးခဲ့သည်။
MNDAA သည် တရုတ်၏ ဖိအားကြောင့် လားရှိုးမြို့မှ ဧပြီလ (၂၁)ရက်နေ့တွင် ပြန်ဆုတ်ခွာပေးရတော့မည်ဖြစ်သည်။
#TachileikNewsAgency
Photo:果敢资讯网