လားရှိုးမြို့ရှိ ဒေသခံများကို စစ်သားစုဆောင်းခြင်းမရှိကြောင်း MNDAA က ဒေသခံများကို တွေ့ဆုံပြောဆို

လားရှိုးမြို့ရှိ ဒေသခံများကို စစ်သားစုဆောင်းခြင်းမရှိကြောင်း MNDAA က ဒေသခံများကို တွေ့ဆုံပြောဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ဒေသခံများကို စစ်မှုမထမ်းမနေရ၊ စားနပ်ရိက္ခာ ပေးဆောင်ခြင်းနှင့် လူငယ်စုဆောင်းခြင်းများ လုံးဝမရှိကြောင်း MNDAA ၏ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့ အကြီးအကဲ၊ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီဒုတိယအတွင်းရေးမှူး Mr. Li Xinhai ကပြောသည်။

MNDAA သည် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ၏အလုပ်အဖွဲ့သည် လားရှိုးမြို့နှင့်ပတ်သက်သည့် အထူးဒေသ(၁)၏ လက်ရှိမူဝါဒများကို လားရှိုးမြို့ လူထုနှင့် တွေ့ဆုံပွဲများကျင်းပကာ ရှင်းပြပေးနေခြင်းဖြစ်ကာ အဆိုပါကိစ္စကို ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ တွေ့ဆုံပွဲတွင် ပြောဆိုခြင်းဖြစ်သည်။ 

MNDAA သည် ပြည်သူမှ ဆင်းသက်လာကာ ပြည်သူအတွက်တာဝန်ထမ်းဆောင်၍ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ဟုလည်း ဆိုသည်။

ထို့အပြင် အချို့သောလူများက မလိုလားအပ်သော ကောလာဟလများကို ဖြန့်ဝေနေခြင်းအား လူထုကနားထောင်ရန်မလိုအပ်သည့်အပြင် MNDAA တပ်များကိုလည်း ကြောက်စရာမလိုကြောင်း ပြောဆိုသည်။ 

လားရှိုးမြို့အတွင်း ခိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစသည်တို့ကို အရှိန်မြှင့် နှိမ်နင်းနေပြီး လားရှိုးဒေသခံများအနေဖြင့်လည်း မှုခင်းများကိုတိုင်ကြားရန်နှင့် လားရှိုးမြို့လူထုလုံခြုံ ရေးလုပ်ငန်းများကို ပူးပေါင်းရန် MNDAA ကဆိုသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခုတပ်ဆင်ရန်နှင့် ဒေသခံများအား အခမဲ့အသုံးပြုခွင့်ပေးရန် MNDAA က ညွှန်ကြားထားပြီး လက်ရှိ လားရှိုးမြို့ရှိ ရပ်ကွက်(၁၂)တွင်လည်း MYTEL ကွန်ရက် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网