၁၀၂၇ စစ်ဆင်ရေးအဆက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄)ခုကို TNLA သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေးအဆက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄)ခုကို TNLA သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေးအဆက်အနေဖြင့် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်နှင့် သီပေါမြို့နယ်များမှ စစ်ကောင်စီတပ်စခန်း (၂၄)ခုကို သိမ်းနိုင်ပြီး စစ်သုံ့ပန်း (၁၇)ဦးကို ဖမ်းဆီးရမိကြောင်း TNLAထံမှ သိရသည်။

နှစ်ရက်အတွင်း တိုက်ပွဲတွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ်ရှိ ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

မိုးကုတ်မြို့နယ်တွင် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG–7 (၁)လက်၊ ၆၀ မမ (၁)လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သား(၂၀)ဦးသေပြီး လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဇွန်လ (၂၆)ရက် ညနေ (၇)နာရီအထိ ဆက်သွယ်ရယူထားသည့် မြေပြင်သတင်းအရ ညနေပိုင်း (၃)နာရီတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအား စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲခဲ့သည့်အပြင် Jet fighter တစ်စင်းဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News