ထမင်းစားနေသည့် စစ်ကောင်စီတပ်သားများ ဒရုန်းဗုံးသီးထိမှန်ကာ ဒဏ်ရာရ

ထမင်းစားနေသည့် စစ်ကောင်စီတပ်သားများ ဒရုန်းဗုံးသီးထိမှန်ကာ ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေကျင်ရွာအတွင်းရှိ စာသင်ကျောင်းတွင် စခန်းချတပ်စွဲကာ ထမင်းစားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် စက်တက်ဘာလ (၁၅)ရက်နေ့က ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီး (၃)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ ထွက်သွားပြီးနောက် နယ်မြေရှင်းလင်းရာ ထမင်းစားလက်စပန်းကန်(၇)ချပ်၊ ဒဏ်ရာကုသထားသောဆေးဝါးများ၊ ဘတ်တံဆိပ်ပါ အင်္ကျီတစ်ထည်တို့ကို တွေ့ရှိခဲ့သည်ဟု Who Am I-Armyတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို  Who Am I-Armyနှင့် မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သော Black Wolf-Army၊ Forest Fightersနှင့် နတ်တောင်နဂါးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Who Am I