ရေစကြိုမြို့တွင် တောကျီးကန်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အပါအဝင် (၅)ဦးသေပြီး လက်နက်များ သိမ်းဆည်းရရှိ

 တောကျီးကန်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်သားနှင့် ပျူးစောထီးတို့၏လက်နက်ခဲယမ်းများ [ Photo: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ ]
တောကျီးကန်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်သားနှင့် ပျူးစောထီးတို့၏လက်နက်ခဲယမ်းများ [ Photo: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ ]
ရေစကြိုမြို့တွင် တောကျီးကန်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အပါအဝင် (၅)ဦးသေပြီး လက်နက်များ သိမ်းဆည်းရရှိ
သြဂုတ် 31, 2022

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသည့် ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်သား(၅)ဦးကို တောကျီးကန်းစစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း Phoenix -အထူးပြောက်ကျားတပ်ဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဩဂုတ်လ (၂၈)ရက်နေ့ နံနက်ပိုင်းက မြို့ပြစစ်ဆင်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ (၅)ဦးလုံးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 သိမ်းဆည်းရရှိသော လက်နက်များမှာ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးတို့ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်စဥ်အတွင်း စစ်ကောင်စီတက်ဘင်င အနည်းငယ်သာ ပြန်လည်ပစ်ခတ်သော်လည်း အိတ်အတွင်းထည့်ထားသော ကျည်ဘောက်ကိုထိမှန်ကာ ကံကောင်းထောက်မစွာ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ် ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အပြစ်မဲ့ပြည်သူ (၃) ဦးကို ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပူပေါင်းမြို့ပြအထူးစစ်ဆင်ရေးကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင် PDF၊  Black Wolf၊People’s Defense Force (MDY)၊ People's Defense Force – Mandalay ၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ - ရေစကြိုတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။