တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် (၈)ရက်အကြာ တိုက်ပွဲဆင်နွှဲခဲ့သည့် ဒေသကာကွယ်ရေးစစ်သည်တော်များကို  ဒေသခံများက ဂုဏ်ပြု ကြိုဆို

ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု ၊ Photo:    Taze PDF 
ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု ၊ Photo:    Taze PDF 
တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် (၈)ရက်အကြာ တိုက်ပွဲဆင်နွှဲခဲ့သည့် ဒေသကာကွယ်ရေးစစ်သည်တော်များကို  ဒေသခံများက ဂုဏ်ပြု ကြိုဆို
သြဂုတ် 25, 2022

 စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို  ဩဂုတ်လ(၂၃)ရက်အထိ (၈)ရက်အကြာ တိုက်ထုတ်ပြီး ပြန်လာသည့် ဒေသကာကွယ်ရေးတပ်များကို ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က  ဩဂုတ်လ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

အင်အား (၂၀၀)ပါသည့် မိတ္ထီလာအခြေစိုက် စစ်ကောင်စီတပ်၏ အမှတ်(၁၁၃)ခြေမြန်တပ်ရင်းနှင့် ဒေသကာကွယ်ရေးစစ်သည်တော်များအကြား  ၂၀၂၂ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ တိုက်ပွဲ (၈)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက် သေဆုံးခဲ့ပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့ကြသည့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များမှာ ဘေးကင်းစွာ တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို တန့်ဆည် Taze People's Defence Force ၏ တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)တို့နှင့်အတူ မြို့နယ်ပကဖ၊ မဟာမိတ်ညီနောင် တပ်ရင်းများဖြစ်ကြ‌သော တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၆)၊ KPK၊ TSR၊ SAF၊ ပလဖနှင့် PLA၊ TCRF၊ PRLFတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်နောင်တွင်လည်း ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို ယခုလို စုပေါင်းစည်းလုံးမှုအင်အားဖြင့် အမြစ်ဖြတ်‌ချေမှုန်း တိုက်ထုတ်သွားမည် ဖြစ်ကြောင်းလည်း  သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:    Taze PDF