PDF များကို ဖမ်းဆီးပြီး ထားရှိမည်ဟု သတင်းထွက်နေသည့် မုံရွာမြို့နယ်အတွင်း ဆောက်လုပ်နေဆဲ အကျဉ်းထောင် အဆောက်အဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည့်အနေဖြင့် ဖြိုချဖျက်ဆီး

PDF များကို ဖမ်းဆီးပြီး ထားရှိမည်ဟု သတင်းထွက်နေသည့် မုံရွာမြို့နယ်အတွင်း ဆောက်လုပ်နေဆဲ အကျဉ်းထောင် အဆောက်အဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည့်အနေဖြင့် ဖြိုချဖျက်ဆီး
ဇွန် 22, 2022

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးထိန်းသိမ်းမည့် ထောင်အဆောက်အဦးကို ဒေသကာကွယ်ရေးတပ်များက ဖြိုချဖျက်ဆီးခဲ့ကြောင်း ဇွန်လ(၂၂)ရက်တွင် Chindwin Attack Force က သတင်းထုတ်ပြန်လာသည်။

မုံရွာမြို့နယ် သာစည်ရွာတွင် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးထားမည့် အကျည်းထောင်ဆောက်လုပ်နေသော အဆောက်အဦးများကို ပထမအကြိမ်သတိပေးအနေဖြင့် ဖြိုချဖျက်စီးခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ယင်းအဆောက်အဦးအတွက် အလုပ် လုပ်ပေးနေသော ပြည်သူများကိုလည်း ပထမဆုံးနှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကာ ဆက်လက်တည်ဆောက်နေလျှင် အသက်အတွက် အာမခံပေးနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

ပထမဆုံးဖြိုချမှုတွင် (၄)ထပ်အဆောင် တစ်ဆောင်နှင့် ဘတ်ဖိုးတစ်စီးပျက်စီးခဲ့ပြီး အလုပ် လုပ်နေသည့် ပြည်သူများကို ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အထူးကွန်မန်ဒိုအဖွဲ့ Monywa The Boys၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ခွဲ - ၂၊ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ တပ်ခွဲ - ၁ သပြေညိုပြောက်ကျားအဖွဲ့

၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ တပ်ခွဲ ၃ ခွေးသတ်မုဆိုးအဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။