အာဏာသိမ်းစစ်အုပ်စုဘက်က တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် KNLA နှင့် PDF ထံ အလင်းဝင်

အာဏာသိမ်းစစ်အုပ်စုဘက်က တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် KNLA နှင့် PDF ထံ အလင်းဝင်
ဇွန် 22, 2022

 မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုအခြေစိုက် အာဏာသိမ်းစစ်အုပ်စု၏  လက်အောက်ခံ  (၄၀၂)အမြှောက်တပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ဝင်လာကြောင်း ဒေသကာကွယ်တပ်ထံမှ သိရသည်။

ကိုယ်ပိုင် အမှတ်  တ / ၄၉၆၉၂၆  တပ်သား ထွန်းထွန်း   သည် KNU တပ်မဟာ (၁)အခြေစိုက် KNLA နှင့် PDF အမှတ်(၂)တပ်ရင်းတပ်ဖွဲ့ထံ ဇွန်လ(၂၀)ရက်နေ့က အလင်းဝင် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDM ဝင်လာသည့် တပ်သားသည် MA1 သေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု၊ ၎င်းကျည် (၁၂၀)တောင့်နှင့် လက်ပစ်ဗုံး (၁)လုံးတို့ ယူဆောင်လာပြီး CDM လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။